ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ လှိုင်းဘွဲ့မြို့၊ ရေဘုတ်ရေလှောင်တမံ တွင် မိုးရေချိန် ၂.၆၄လက်မ ဝင်ရေ ၄၈၀ ဧကပေ ၊ ချင်းပြည်နယ် ဖလမ်းမြို့ ရှိ လိုင်ဗားရေလှောင်တမံ မိုးရေချိန် ၀.၁၅ လက်မ ဝင်ရေ ၅၂ ဧကပေ ရှိပြီး ရေပိုလွှဲမှ ၀.၃ ပေ ရေကျော်ကျလျက်ရှိနေပါသည်။
ဆည်-ရေကဏ္ဍ
ရေအသုံးချသူများနှင့် ပူးပေါင်းပါဝင်ဆည်မြောင်းစနစ်ဆီသို့
ကိုဗစ်-၁၉ ထိန်းချုပ်ကာကွယ်ရေးအရ Stay Home ကာလတွင် နွေရာသီနှင့်အတူ သိသိသာသာ မြင့်မားသော အပူချိန်ကို အန်တုဖြတ်သန်းနေထိုင်ရင်း အတန်ငယ် ငြီးငွေ့မှုဖြစ်ပေါ်လာခဲ့ရာ မေလနှောင်းပိုင်းတွင် အမ်ဖန် ဆိုင်ကလုန်းမုန်တိုင်း၏အရှိန်ကြောင့် မိုးရိပ်လေရိပ် သန်းလာပြီး အပူချိန်လည်း တစ်စတစ်စလျော့ကျ လာသည့်တစ်နေ့တွင် မိမိနေထိုင်ရာ လယ်ဝေးမြို့နယ် အတွင်းရှိ စစ်တောင်းမြစ်တစ်ဖက်ကမ်း ပင်သောင် ကျေးရွာတွင် နေထိုင်သော မိတ်ဆွေတစ်ဦးထံ အကြောင်း ကိစ္စတစ်ခုဖြင့် သွားရောက်ခဲ့သည်။
စိုက်ပျိုးရေးကဏ္ဍဖွံ့ဖြိုးတိုးတက်မှု အထောက်အကူပြုဇီးတောဆည်ရေသောက်စနစ် အဆင့်မြှင့်တင်ပြုပြင်
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာနအနေဖြင့် ဆည်ရေသောက်စနစ်များ ရေရှည် တည်တံ့ပြီး အကျိုးပြုနိုင်စေရေး အတွက် ပြန်လည်ပြုပြင်မွမ်းမံခြင်း လုပ်ငန်းများကို နိုင်ငံတော် ဘဏ္ဍာရန်ပုံငွေဖြင့်လည်းကောင်း၊ ဖွံ့ဖြိုးပြီးနိုင်ငံများနှင့် နိုင်ငံတကာ မိတ်ဖက် အဖွဲ့အစည်းများ၏ ချေးငွေ ထောက်ပံ့ငွေ အကူအညီများရယူ၍လည်းကောင်း လျာထား စီမံ ဆောင်ရွက်လျက်ရှိရာ