စိုက်-မွေးသုတ

ထောပတ်သီးရင့်မှည့်မှုနှင့် အသီးအရည်အသွေး

ဗီတာမင်၊ သတ္တုဓါတ်နှင့် အာဟာရဓါတ်များစွာကြွယ်ဝသည့် ထောပတ်သီးကို မြန်မာနိုင်ငံတွင် ရှမ်းပြည်နယ်၊ ကယားပြည်နယ်၊ ချင်းပြည်နယ်၊ မန္တလေးတိုင်းနှင့် ကချင်ပြည်နယ် အစရှိသည့် ကုန်းမြင့်ဒေသများ၌ စိုက်ပျိုးကြပါသည်။ ကျယ်ကျယ်ပြန့် ပြန့်စားသုံးလေ့မရှိ၍ စီးပွားဖြစ်စိုက်ပျိုးခြင်း ယခင်ကနည်းပါးခဲ့သော်လည်း၊ မြန်မာ့ထောပတ်သီးများမှာ နိုင်ငံတကာမှလက်ခံနိုင်သည့် အရည် အသွေး ပြည့်မီခြင်း၊ ဓါတုဆေး သုံးစွဲမှုနည်းပါး၍ ဓါတ်ကြွင်းအာနိသင်နည်းပါးခြင်း၊ နိုင်ငံတကာ စျေးကွက်မှ စိတ်ဝင်စား မှုရှိလာခြင်း စသည့်အချက်များကြောင့် ပို့ကုန်အလားအလာရှိသည့် သီးနှံတစ်ခုအဖြစ် တိုးချဲ့စိုက်ပျိုးလာကြသည်။

စိုက်-မွေးသုတ

အီးအမ်ဘိုကာရှီမြေဆွေးပြုလုပ်သုံးစွဲနည်း

ဘိုကာရှီ(BOKASHI) ဆိုသည်မှာ အကျိုးပြုအဏုဇီဝအီးအမ်(EM)ကို လယ်ယာထွက်စွန့်ပစ်ပစ္စည်း များ၊ တိရစ္ဆာန်အညစ်အကြေးများနှင့် စနစ်တကျရောနှောပြီး မွေးမြူခြင်းဖြင့်ရရှိလာသော မြေဆွေးဖြစ် သည်။ လယ်ယာထွက်ပစ္စည်းများဖြစ်သည့် ကောက်ရိုး၊ ပဲမှော်၊ ပဲရိုး၊ ပြောင်းရိုး၊ မြက်စို၊ မြက်ခြောက်၊ ဗေဒါ၊ သစ်ရွက်ဆွေး၊ အမှိုက်ဆွေး၊ စသည်တို့နှင့် တိရစ္ဆာန်ချေး၊ တင်လဲရည်၊ ရေနှင့် အီးအမ်(EM)ဖျော်ရည်တို့ကို ရောမွှေမွေးမြူခြင်းဖြင့် တစ်ပတ်၊ နှစ်ပတ်ခန့်အတွင်း ဘိုကာရှီမြေဆွေးရရှိပါသည်။ ရိုးရိုး အီးအမ်ဘိုကာရှီ မြေဆွေးပြုလုပ်နည်း (၁) အရိပ်အောက်တွင် အီးအမ်ဘိုကာရှီမြေဆွေးပုံ ပြုလုပ်နည်း • စည်ပိုင်းပြတ်ထဲသို့ ရေဂါလန်(၂၀)+ အသင့်သုံးအီးအမ်ဖျော်ရည် နို့ဆီခွက်(၃)ခွက် (၁ လီတာခန့်)+ တင်လဲရည်(၃)ခွက် လောင်းထည့်၍ တုတ်ဖြင့်မွှေပါ။ • အရိပ်အောက်တွင် လယ်ယာစွန့်ပစ်ပစ္စည်းများကို အလျား(၆ပေ)၊ အနံ(၃ပေ)၊ ထု(၆လက်မ) ရှိအောင် တစ်လွှာပုံပါ။ • Read More…

စိုက်-မွေးသုတ

ပီလောပီနံ

ပီလောပီနံ ပီလောပီနံပင်သည် နှစ်ရှည်ခံ ချုံပုတ်ပင်အမျိုးအစားဖြစ်ပြီး ပင်စည်မှာ သစ်သားကဲ့သို့ မာကျော၍ အူတိုင်အခေါင်းပွသည့် Euphobiaceae မျိုးရင်း၀င်အပင် ဖြစ်ပါသည်။ ​Cassava, Yucca, Manico စသည်ဖြင့် အမျိုးမျိုး ခေါ်ဆိုကြပြီး သိပ္ပံအမည်မှာ ​Manihot esculenta ဖြစ်ပါသည်။ ရှေးယခင်က ​Hydrocyanic acid ပါ၀င်၍ အဆိပ်ရှိသော သီးနှံအဖြစ် သတ်မှတ် ခဲ့ပြီး နောက်ပိုင်းတွင် တဖြည်းဖြည်း စားသုံးလာကြပါသည်။ Carbohydrate ပါ၀င်မှု တတိယ အများဆုံး သီးနှံ ဖြစ်ပြီး ကုန်ကျစရိတ် နည်းနည်းဖြင့် ထုတ်လုပ်နိုင်ပါသည်။

စိုက်-မွေးသုတ သီးနှံပိုးမွှားရောဂါ

ငမြှောင်တောင်ပိုး (Fall Armyworm – FAW)

မြန်မာနိုင်ငံတွင် နှစ်စဉ် အစေ့ထုတ်ပြောင်း စိုက်ပျိုးလျက်ရှိပြီး မိုးရာသီနှင့်ဆောင်းရာသီတွင် အဓိက စိုက်ပျိုးထုတ်လုပ်လျက်ရှိသည်။ မိုးအစေ့ထုတ်ပြောင်းအနေဖြင့် ဧက(၁၁ သိန်း)ခန့်ကို ရှမ်းပြည်နယ်၊ စစ်ကိုင်းတိုင်း၊ ကယားပြည်နယ်၊ ကရင်ပြည်နယ်၊ ကချင်ပြည်နယ်နှင့် ချင်းပြည်နယ်တို့တွင် အဓိကထား စိုက်ပျိုးလေ့ရှိသည်။ ဆောင်းအစေ့ထုတ်ပြောင်းအနေဖြင့် ဧရာဝတီတိုင်း၊ ရန်ကုန်တိုင်း၊ ပဲခူးတိုင်း၊ မန္တလေး တိုင်းနှင့် မကွေးတိုင်းတို့တွင် အဓိကထားပြီး ဧက (၁.၅ သိန်း)ခန့် စိုက်ပျိုးလေ့ရှိပါသည်။ ထို့အပြင် မိုးနှင့် ဆောင်း ဖူးစားပြောင်းတို့ကို နေရာအနှံ့ ဧက (၄ သိန်း)ခန့်စီ စိုက်ပျိုးကြသည်။

စိုက်-မွေးသုတ မိသားစုဥယျာဉ်

ဟင်းသီးဟင်းရွက်အဓိပ္ပါယ်ဖွင့်ဆိုချက်

အိမ်ရှင်မများအနေဖြင့် မိမိတို့၏ ခင်ပွန်း၊သားသမီးများ မိသားစုအားလုံး၏ စားသောက်ရေး ကိစ္စများကို တာဝန်ယူနေရသူများဖြစ်ရာ၊ အာဟာရပြည့်ဝပြီး ကျန်းမာစေသော စားသောက်ရေးစနစ် များကို မလွဲမသွေ သိရှိနားလည်ပြီးကြသူများ ဖြစ်ပါသည်။