ကြော်ငြာနှင့်နှိုးဆော်ချက်များ
၂၀၂၁ ခုနှစ် မိုးစပါးနှင့် ၂၀၂၂ ခုနှစ် နွေစပါးတို့အတွက် အခြေခံ ရည်ညွှန်း စပါးဈေးနှုန်း ထုတ်ပြန်ကြေညာ
အခြေခံရည်ညွှန်းစပါးဈေးနှုန်း ထုတ်ပြန်ကြေညာချက် ကြေညာချက်အမှတ် ( ၁ /၂၀၂၁) ၂၀၂၁ ခုနှစ် ၊ အောက်တိုဘာလ ၆ ရက် ၁။ တောင်သူလယ်သမား အခွင့်အရေး ကာကွယ်ရေး နှင့် အကျိုးစီးပွားမြှင့်တင်ရေး ဥပဒေပါ ပြဌာန်းချက်များနှင့် အညီ စပါးသီးနှံ စိုက်ပျိုး ထုတ်လုပ် သော တောင်သူလယ်သမားများ အတွက် သင့်တင့်မျှတသော ဈေးကွက်နှင့်ဈေးနှုန်း ဖြစ်ပေါ်စေရေး အတွက် စိုက်ပျိုး ထုတ်လုပ် မည့် စပါး သီးနှံအတွက် အခြေခံရည်ညွှန်းစပါးဈေးနှုန်းကို အောက်ပါအတိုင်း ထုတ်ပြန် ကြေညာ လိုက် သည်။ ၂။ အစိုဓာတ် (၁၄)% ရှိ၍ အဖျင်း၊ အမှော်၊ ဖုန်၊ သဲ၊ ခဲ ကင်းစင်ပြီး အရည်အသွေးဆိုင်ရာ သတ်မှတ်စံချိန်စံညွှန်းများနှင့် ကိုက်ညီသည့် Read More…
တိရစ္ဆာန်အစာ ပြောင်းချဉ်ဖတ် စိုက်ပျိုးထုတ်လုပ် ၍ တရုတ်ပြည်သူ့ သမ္မတ နိုင်ငံ သို့ တင်ပို့ခြင်း ကွင်းဆက် တစ်လျှောက် ပါဝင်ဆောင်ရွက်သူများ လိုက်နာဆောင်ရွက်ရမည့် အချက်များ ထုတ်ပြန်ကြေညာခြင်း
ပြည်ပပို့ကုန်များအနေဖြင့် သက်ဆိုင်ရာနိုင်ငံများက သတ်မှတ်ထားသည့် ကုန်ပစ္စည်း အရည် အသွေး စံချိန်စံညွှန်းများကို တိကျစွာလိုက်နာဆောင်ရွက်မှသာ ဈေးကွက် သေချာ စေမည် ဖြစ်ပြီး မလိုလားအပ်သော ထိခိုက်ဆုံးရှုံးမှုများကို ရှောင်လွှဲနိုင်ကြမည်ဖြစ်သည်။ တရုတ်ပြည်သူ့ သမ္မတနိုင်ငံသို့ တိရစ္ဆာန်အစာ ပြောင်းချဉ်ဖတ် စိုက်ပျိုးထုတ်လုပ် တင်ပို့ခြင်းနှင့် ပတ်သက်၍ ကုန်သွယ်မှု ချောမွေ့စေရန် နှစ်နိုင်ငံတာဝန်ရှိသူများ၏ ညှိနှိုင်းသဘောတူညီမှုများအရ စိုက်ပျိုး ထုတ်လုပ်သူများ၊ တင်ပို့သူလုပ်ငန်းရှင်များ သိရှိလိုက်နာ ဆောင်ရွက်ရန် လိုအပ်သည့် အချက် များ ကို အောက်ပါအတိုင်း ထုတ်ပြန်ကြေညာအပ်ပါသည်။
ရေကြီးနစ်မြုပ် လယ်ယာမြေများအား အချိန်မီပြန်လည်အစားထိုးစိုက်ပျိုးနိုင်ရေးနှိုးဆော်ချက်
၁။ ၂၀၂၀–၂၀၂၁ ခုနှစ် မိုးရာသီအတွင်း နိုင်ငံတစ်ဝှမ်းတွင် မိုးသီးနှံဧက (၁၆.၅)သန်းကျော် စိုက်ပျိုးပြီးသည့်အနက်မိုးသည်းထန်စွာရွာသွန်းခြင်း၊ မြစ်ရေကြီးခြင်းနှင့် ပင်လယ်ဒီရေ မြင့်တက်ခြင်းတို့ကြောင့် ဇူလိုင်လကုန်တွင် မိုးသီးနှံဧက(၇)သောင်းကျော် ရေကြီးနစ်မြုပ် လျက်ရှိပါသည်။
မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ် က တောင်သူလယ်သမားဦးကြီးများသို့ အသိပေးကြေညာချက်
၁။ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန၊ မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ် သည် မြန်မာနိုင်ငံ တစ်ဝှမ်းလုံးရှိ တောင်သူ လယ်သမား ဦးကြီးများ သို့ စိုက်ပျိုးစရိတ် ချေးငွေများကို ဘဏ်စတင် တည်ထောင်သည့် ၁၉၅၃ ခုနှစ်မှစ၍ နှစ်စဉ်ထုတ်ချေးပေးလျက်ရှိပါသည်။ တောင်သူ လယ်သမားကြီးများကလည်း သီးနှံပေါ်ချိန်တွင် ချေးငွေများအချိန်မီပြေကျေစွာ ပေးဆပ်ပြီး နောက် ချေးငွေသစ် ထပ်မံရယူခြင်းဖြင့် မြန်မာ့စိုက်ပျိုးရေးကဏ္ဍ ရှင်သန်ဖွံဖြိုးရေးအတွက် ဘဏ်နှင့်တောင်သူဦးကြီးများအကြား နှစ်ကာလကြာရှည်စွာ အတူလက်တွဲ ဆောင်ရွက်ခဲ့ကြပါ သည်။
ကမ်းဝေး၊ကမ်းနီးငါးဖမ်းရေယာဉ်များ မုတ်သုန်ရာသီအတွင်း လှိုင်းဒဏ်၊ လေဒဏ် ခိုလှုံနိုင်ရန် တည်နေရာ များထုတ်ပြန်
၁။စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ငါးလုပ်ငန်းဦးစီးဌာနသည် မြန်မာ့ ပင်လယ်ငါးလုပ်ငန်းရေပြင်အတွင်း ငါးဖမ်းလုပ်ငန်း လုပ်ကိုင်ဆောင်ရွက်နေသော နိုင်ငံသားပိုင် ကမ်းဝေးငါးဖမ်းရေယာဉ်များနှင့် ကမ်းနီးငါးဖမ်းရေယာဉ်များအနေဖြင့် မုတ်သုန်ရာသီအတွင်း ရာသီ ဥတုဆိုးရွားချိန်များတွင် လှိုင်းဒဏ်၊ လေဒဏ်များ ခိုလှုံနိုင်ရန်အတွက် အောက်ဖော်ပြပါ တည်နေရာ များ၌ ရာသီဥတုခိုလှုံနိုင်ပါကြောင်းကို (၂၀–၅-၂၀၂၁)ရက်စွဲပါ ညွှန်ကြားချက်အမှတ်၊ ၃/၂၀၂၁ ဖြင့်ထုတ်ပြန်ပေးထားပြီး ဖြစ်ပါသည်။