စိုက်ပျိုးရေး၊မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာ အောင်သူ သည် အမြဲတမ်းအတွင်းဝန်များ၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူ များနှင့်အတူ ဇူလိုင်လ(၂၄)ရက်နေ့ မွန်းလွဲ ၂ နာရီအချိန်က မြန်မာနိုင်ငံမွေးမြူရေး လုပ်ငန်းအဖွဲ့ချုပ် ဥက္ကဌ ဒေါက်တာမြဟန် ဦးဆောင် သည့်အဖွဲ့အား ပြည်ထောင်စု ဝန်ကြီး၏ ဧည့်ခန်းမ၌ တွေ့ဆုံသည်။ တွေ့ဆုံစဉ် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန၏ ကောင်းမွန်သော မွေးမြူရေးကျင့်စဉ် (Good Animal Husbandary Practice – GAHP) နည်းစနစ်များနှင့်အညီ တိုင်းဒေသကြီး/ ပြည်နယ်များတွင် မွေးမြူဆောင်ရွက်နေမှုများ၊ ကျွဲ နွား မွေးမြူထုတ်လုပ်သူများပါဝင်သော ခိုင်မာသည့်အဖွဲ့ ဖွဲ့စည်းနိုင်ရေး၊ ခိုင်မာသောစျေးကွက်ရရှိရေး၊ မွေးမြူခြင်းနှင့်ကုန်သွယ်ခြင်း လုပ်ငန်းများအား စနစ်တကျ ဆက်စပ်နိုင်ရေးအတွက် မြန်မာနိုင်ငံမွေးမြူရေးလုပ်ငန်းအဖွဲ့ ချုပ်နှင့် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနတို့ ပူးပေါင်းဆောင်ရွက်သွားမည့်ကိစ္စရပ်များ၊ မွေးမြူရေးလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေးအတွက် ရှေ့ ဆက်လက်ဆောင်ရွက်သွားမည့် ကိစ္စရပ် များကို ဆွေးနွေးခဲ့ကြသည်။