နယ်သတင်းများ သတင်းကဏ္ဍ

ကော့သောင်း၊ ဘုတ်ပြင်း တွင် ကော်ဖီ နှင့် မှိုစိုက်ပျိုးထုတ်လုပ်မှုနည်းပညာသင်တန်းဖွင့်လှစ်

စိုက်ပျိုးရေးဦးစီးဌာနအနေဖြင့် စိုက်ပျိုးထုတ်လုပ်မှုလုပ်ငန်းစဉ်တလျောက် ခေတ်မီနည်းပညာများ အသုံးပြုနိုင်ရေး အတွက် နည်းပညာပြန့်ပွားရေးအစီအစဉ်များ ကြိုပမ်းဆောင်ရွက်မှုနှင့် တပြိုင်တည်းတွင်  ၇၀ % သော နိုင်ငံလူဦးရေအများဆုံး မှီတင်း နေထိုင်ရာ ကျေးလက်နေပြည်သူများအတွက် အလုပ်အကိုင်အခွင့်အလမ်းရရှိစေရန်၊ တပိုင်တနိုင် ဝင်ငွေတိုးလုပ်ငန်းများဆောင်ရွက်ခြင်းမှ စီးပွားဖြစ်စိုက်ပျိုးထုတ်လုပ်နိုင်သည် အထိ စိုက်ပျိုးရေးအခြေခံစီးပွားရေးလုပ်ငန်းများ ပေါ်ထွန်းလာစေရန် တို့အတွက်လည်း အားပေးကူညီဆောင်ရွက်ပေးလျက်ရှိသည်။

စိုက်ပျိုးရေးဦးစီးဌာန၊ ကော်ဖီ-ရာသီသီးနှံဌာနခွဲ က ဆက်စပ်ဦးစီးဌာနများ ၊ ပုဂ္ဂလိကအသင်းအဖွဲ့များ နှင့် ပူးပေါင်း၍ ဒေသအနှံအပြားတွင် မှိုစိုက်ပျိုးထုတ်လုပ်မှု သင်တန်းများဆောင်ရွက်ပေးလျက်ရှိရာ  မေလ ၂၉ ရက် နေ့တွင် တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းခရိုင် ၊ ဘုတ်ပြင်းမြို့နယ် အားကစားခန်းမတွင် “ကော်ဖီ နှင့် မှိုစိုက်ပျိုး ထုတ်လုပ်မှုနည်း ပညာသင်တန်း” ဖွင့်လှစ်ပေးခဲ့သည်။  သင်တန်းဖွင့်ပွဲအခမ်းအနားသို့ စိုက်ပျိုးရေးဦးစီးဌာန၊ ဒုတိုင်းဦးစီးမှူး ဦးသိန်းစိုး နှင့် ခရိုင်၊ မြို့နယ် အဆင့် တာဝန်ရှိသူများ၊ ကော်ဖီ-ရာသီသီးနှံဌာနခွဲ မှ ကျွမ်းကျင် ပညာရှင်များ၊ အကျိုးဆောင်တောင်သူများ၊ ဘုတ်ပြင်းမြို့နယ်အတွင်းရှိ စိုက်ပျိုးရေး နည်းပညာများစိတ်ဝင်စားပြီး စိုက်ပျိုးထုတ်လုပ်မှုလက်တွေ့ဆောင်ရွက်ရန် စိတ်ဝင်စားသူ ၆၀ ဦးခန့် တက်ရောက်ကြသည်။

ကော်ဖီ နှင့် မှိုစိုက်ပျိုး ထုတ်လုပ်မှုနည်း ပညာသင်တန်း”ကို မေလ ၂၉ ရက်နေ့ မှ ဇွန်လ ၁ ရက်နေ့ထိ စာတွေ့ လက်တွေ့ ၄ ရက်ကြာ သင်ကြားဆွေးနွေးပေးမှာဖြစ်ကြောင်း သိရသည်။