မြန်မာနိုင်ငံက အိမ်ရှင်နိုင်ငံအဖြစ်လက်ခံကျင်းပသည့် ဘင်္ဂလားပင်လယ်အော် စီးပွားရေး နှင့် နည်းပညာဆိုင်ရာ ဘက်စုံ ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့အစည်း(BIMSTEC) ဘင်းမ်စတက် ၏ စိုက်ပျိုးရေးဆိုင်ရာ အဆင့်မြင့်အရာရှိကြီးများ ပထမအကြိမ် အစည်းအဝေး ကို ဇူလိုင်လ ၁၁ ရက်နေ့ နံနက် ၉ နာရီအချိန်က နေပြည်တော် Hilton Hotel ၌ ကျင်းပပြုလုပ်ရာ ဘင်္ဂလားဒေ့ရှ် ၊ အိန္ဒိယ ၊ မြန်မာ ၊ သီရိလင်္ကာ၊ ထိုင်း ၊ နီပေါ နှင့် ဘူတန် နိုင်ငံများမှ စိုက်ပျိုးရေးဆိုင်ရာ အဆင့်မြင့်အရာရှိများတက်ရောက်ကြသည်။
အစည်းအဝေးတွင် ဘင်းမ်စတက်ဒေသတွင်း စိုက်ပျိုးရေးဆိုင်ရာ ပူးပေါင်း ဆောင်ရွက်မှု တိုးမြှင့် စေရေး အတွက် မြန်မာနိုင်ငံ၏ အတွေ့ အကြုံအား ဖလှယ်မှုပြုခြင်းကို မြန်မာနိုင်ငံမှ ဆွေးနွေးတင်ပြခြင်း ၊ ၂၀၁၇ခုနှစ် ဒီဇင်ဘာလ ၁၂ ရက်နေ့မှ ၁၆ ရက်နေ့အထိ ထိုင်းနိုင်ငံ၊ ချင်းရိုင်မြို့ ၌ ကျင်းပခဲ့သည့် ဘင်းမ်စတက် စိုက်ပျိုးရေးဆိုင်ရာ ပူးပေါင်း ဆောင်ရွက်ရေးဆိုင်ရာ ကျွမ်းကျင်ပညာရှင်များ လုပ်ငန်းအဖွဲ့ (၆)ကြိမ်မြောက် အစည်းအဝေး၏ အစီရင်ခံစာအား ပြန်လည်သုံးသပ်ခြင်း၊၂၀၁၉ခုနှစ် ဧပြီလ ၂၄ ရက်နေ့မှ ၂၅ ရက်နေ့ အထိ ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ ဒါကာမြို့ ၌ ကျင်းပခဲ့သည့် ဘင်းမ်စတက်စိုက်ပျိုးရေးဆိုင်ရာပူးပေါင်း ဆောင်ရွက်ရေးဆိုင်ရာ ကျွမ်းကျင်ပညာရှင်များ လုပ်ငန်းအဖွဲ့ (၇)ကြိမ်မြောက် အစည်းအဝေး၏ အစီရင်ခံစာအား
ပြန်လည်သုံးသပ်ခြင်း၊ အကောင်အထည်ဖေါ်ဆောင်ရွက်ရန် သတ်မှတ်ထားသော စိုက်ပျိုးရေး ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးဘုံစီမံကိန်း(၇)ခုနှင့်စပ်လျဉ်းသည့် ဖြစ်ပေါ်တိုးတက်မှု အခြေအနေများအပေါ် ပြန်လည်သုံးသပ်ခြင်း၊ အဖွဲ့ဝင်နိုင်ငံများအကြား စိုက်ပျိုးရေးကဏ္ဍ ပူးပေါင်း ဆောင်ရွက်မှု တိုးမြှင့်စေရေး နှင့်စပ်လျဉ်း၍ ညှိနှိုင်းဆွေးနွေးခြင်း၊ ဘင်းမ်စတက် စိုက်ပျိုးရေးဝန်ကြီးများ
ပထမအကြိမ် အစည်းအဝေးတွင် ထုတ်ပြန်မည့် ပူးတွဲကြေညာချက်အား အပြီးသတ်ဆွေးနွေးခြင်း နှင့် အထွေထွေကိစ္စရပ်များကို ဆွေးနွေးခဲ့ကြကြောင်း သိရှိရသည်။