မွေးထူနီခူကောင်
အင်္ဂလိပ်အမည် – Bihar Hairy Caterpillar
သိပ္ပံအမည် – Spilosoma oblique (Walker, 1885) or Diacrisia oblique
မျိုးရင်း – Erebidae
မျိုးစဉ် – Lepidoptera
ဖျက်ဆီးပုံ လက္ခဏာများ
- လောက်ကောင်ငယ်သည် အများအားဖြင့် အရွက်များ၏အောက်ဖက်မျက်နှာပြင်မှ အငမ်းမရ စားသောက်ကြသည်။
- အရွက်များကို စားသောက်ကြပြီး ရွက်ကြွေခြင်းကို ဖြစ်စေသည်။
- ဆိုးဝါးစွာကျရောက်ပါက ပင်စည်သာ ကျန်တော့သည်။
ဖျက်ပိုး၏ဝိသေသလက္ခဏာများ
- လောက်ကောင်- ကိုယ်ခန္ဓာမှာ လိမ္မော်ရောင်ရှိပြီး အစွန်းနှစ်ဖက်စလုံးတွင်
အဝါမွေးစုတ်များနှင့်အတူ ကျယ်ပြန့်သည့် ကန့်လန့်ဖြတ် အရစ်ပါရှိသည်။
- ရုပ်ဖုံး- လောက်ကောင်၏ အမွေးကျွတ်များဖြင့် အတွင်းပိုင်းရက်လုပ်ထားသော ပါးလွှာသည့် ပိုးချည်မျှင် ပုံစံများဖြစ်ကြသည်။
- အရွယ်ရောက်ကောင်- အနက်ရောင်အစက်များနှင့် အနီရောင် ဝမ်းဗိုက်နှင့် အတူ ကြက်သွေးရောင်ရှိသော ဖလံဖြစ်သည်။ မြောက်မြားစွာသော အနက်စက်များနှင့်အတူ ပန်းရောင်သန်းသည့် တောင်ပံများပါရှိသည်။
ကာကွယ်နှိမ်နင်းခြင်း
- မိုးရာသီအကြို ၂-၃ကြိမ် ထယ်ရေးနက်နက်ထိုးပါ။
- မွေးထူခူကောင်များ အခြေချနေထိုင်နိုင်သော တစ်ဆင့်ခံ လက်ခံပင်များနှင့် ပေါင်းပင်များကို ဖယ်ရှားဖျက်ဆီးပါ။
- ဥများနှင့် ပေါက်ကာစခူကောင်များကို အမြောက်အမြားကောက်ယူပြီး ဖျက်ဆီးပါ။
- အရွယ်ရောက် ခူကောင်များကို ထောင်ချောက်ဆင်ဖမ်းရန် ကြက်ဆူ၊ ငှက်ပျောရွက်များနှင့် အခက်များကို ချထားပါ။
- ခူကောင်များကို ဆွဲဆောင်ရန် မြေပဲခင်းကန်သင်းများပေါ်တွင် ပဲလွန်း၊ ဆေးကြက်ဆူ၊ ကြက်ဆူတို့ကဲ့သို့သော ထောင်ချောက်သီးနှံများ စိုက်ပျိုးပါ။
- ပင့်ကူများ၊ နှာတံရှည်နှံကောင်များ၊ ပုရွက်ဆိတ်များ၊ ပုဇင်းများ၊ လိပ်ခုံးကျိုင်းများ၊ ဇာတောင်ပိုးများ ကဲ့သို့သော ဇီဝထိန်းချုပ်ပိုးမွှားများကို ထိန်းသိမ်းပါ။
- ဤဖျက်ပိုး၏အရေအတွက်သည် စီးပွားရေးထိခိုက်နိုင်သည့် အဆင့်ကျော်ပါက ထောက်ခံထားသော ဓါတုပိုးသတ်ဆေးများကို ပက်ဖျန်းပါ။
- အောက်ပါပိုးသတ်ဆေးတစ်မျိုးမျိုးကို ပိုးသတ်ဆေးဘူး/အိတ်ပါ အညွှန်းစာပါအတိုင်း အသုံးပြုပါ။
– ကွီနာဖော့စ် (Quinalphos)
– ကလိုပိုင်ရီဖော့စ် (Chlorpyrihphos)
– ဒိုင်ကလိုဗော့စ် (Dichlorvos)
ဒေါက်တာကိုကို