Related Articles
ကမ္ဘာ့ကပ်ရောဂါ Covid-19 ကြောင့် လယ်ယာ ကဏ္ဍအပေါ် ထိခိုက်မှုလျှော့ချရေး နှင့် တုန့်ပြန်မှုအစီအစဉ်များတွင် အထောက်အကူပြု နိုင်ရေးဆွေးနွေး။
စိုက်ပျိုးရေး၊မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ အောင်သူ သည် မေလ (၂၇) ရက်နေ့ နေ့လယ်ပိုင်း က မြန်မာနိုင်ငံဆန်စပါးအသင်းချုပ် MRF မှ တာဝန်ရှိသူများအား နေပြည်တော် ရုံးအမှတ် ၁၅ ရှိ ပြည်ထောင်စုဝန်ကြီးရုံး အစည်းအဝေးခန်းမ၌ လက်ခံတွေ့ဆုံ၍ ကမ္ဘာ့ကပ်ရောဂါ Covid-19 ကြောင့် လယ်ယာ ကဏ္ဍအပေါ် ထိခိုက်မှုလျှော့ချရေး နှင့် တုန့်ပြန်မှုအစီအစဉ်များတွင် အထောက်အကူပြု နိုင်ရေးဆိုင်ရာ ကိစ္စရပ်များအားဆွေးနွေးခဲ့သည်။
ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနနှင့်စက်မှုလယ်ယာဦးစီး ဌာနတို့ပူးပေါင်း၍ တစ်လုံးထိုး ဒီဇယ်အင်ဂျင်ပြင်သင်တန်း မြန်အောင်မြို့၌ ဖွင့်လှစ်
မြန်အောင်မြို့နယ်အတွင်း ကျေးလက်ဒေသများတွင် အလုပ်အကိုင် အခွင့်အလမ်းများရရှိ၍ မိသားစုဝင်ငွေ တိုးပွားလာစေရန် ရည်ရွယ်၍ မြန်အောင်မြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနနှင့် စက်မှုလယ်ယာဦးစီး ဌာနတို့ ပူးပေါင်းဖွင့်လှစ်သည့် အသက်မွေးဝမ်းကျောင်း အထောက်အကူပြု တစ်လုံးထိုး ဒီဇယ်အင်ဂျင်ပြင် သင်တန်းကို ယမန်နေ့က မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ရုံးတွင်ဖွင့်လှစ်ခဲ့ရာ သင်တန်းသား သင်တန်းသူ (၃၀) ဦး တက်ရောက် သင်ကြားလျက်ရှိပြီး မေလ ၂၉ ရက်နေ့အထိ (၁၅)ရက် စာတွေ့လက်တွေ့ သင်ကြားပေး သွားမည်ဖြစ်ကြောင်း သိရှိရသည်။