ဆည်-ရေကဏ္ဍ နယ်သတင်းများ သတင်းကဏ္ဍ

အဇင်းရေလှောင်တမံနှင့် ဆက်စပ်ရေအားအဆောက်အအုံများ ကြံ့ခိုင်ကောင်းမွန်လျက်ရှိ


အဇင်းရေလှောင်တမံသည် မွန်ပြည်နယ်၊ မုဒုံမြို့နယ်တွင်တည်ရှိပြီး သတ်မှတ်ကန်ရေပြည့် ရေလှောင်ပမာဏမှာ (၁၅၄၂၇) ဧကပေ ဖြစ်၍ လယ်ယာမြေနှင့် ဥယျာဉ်ခြံမြေ ဧက (၂၀၀၀) ကျော် အတွက် စိုက်ပျိုးရေနှင့် မုဒုံမြို့သောက်သုံးရေအတွက် ရေပေးဝေလျက်ရှိပါသည်။ (၁၀.၈.၂၀၁၉) ရက် နေ့တွင် သတ်မှတ်ကန်ရေပြည့်ပမာဏသို့ ကျော်လွန်ရောက်ရှိ၍ ရေပိုလွှဲမှ ရေ (၁.၀) ပေ စတင် ကျော်ကျခဲ့ပါသည်။ ယနေ့ (၁၃.၈.၂၀၁၉) ရက်နေ့ နံနက် (၆:၀၀) နာရီတွင် ရေပိုလွှဲမှ ရေ (၀.၃) ပေ ကျော်ကျစီးဆင်း လျက်ရှိပြီး နံနက် (၁၀:၃၀) အချိန်တွင် ရေပိုလွှဲမှ ရေ (၀.၂) ပေသာ ကျော်ကျ စီးဆင်းလျက်ရှိကာ တမံနှင့် ဆက်စပ်ရေအားအဆောက်အအုံများ ကြံ့ခိုင်ကောင်းမွန်ပါကြောင်း ဒေသနေ ပြည်သူများသို့ အသိပေးတင်ပြအပ်ပါသည်။