နယ်သတင်းများ သတင်းကဏ္ဍ

လက်မှတ်ရ ပိုးသတ်ဆေးသုံးစွဲသူများ သင်တန်း (၁/၂၀၁၉) ဖွင့်ပွဲကျင်းပ

ဧရာဝတီတိုင်းဒေသကြီး ပုသိမ်မြို ့တွင် တိုင်းစိုက်ပျိုးရေးဦးစီးဌာနမှ ကြီးမှူး ဖွင့်လှစ်သော လက်မှတ်ရ ပိုးသတ်ဆေးသုံးစွဲသူများသင်တန်း (၁/၂၀၁၉) ဖွင့်ပွဲကို ယနေ့နံနက်ပိုင်းက တိုင်းစိုက်ပျိုးရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပရာ တိုင်းဒေသကြီး စိုက်ပျိုးရေးဦးစီးဌာန၊ တိုင်းဦးစီးမှူး ဦးမျိုးဇော်က အဖွင့်အမှာစကား ပြောကြားပြီး စိုက်ပျိုးရေးဦးစီးဌာန သီးနှံကာကွယ်ရေးရုံးချုပ်မှ လက်ထောက် ညွှန်ကြားရေးမှူး ဒေါ်ခင်လေးဇံက သင်တန်းစည်းကမ်းများကို ရှင်းလင်းပြောကြားပြီး သင်တန်းဖွင့်ပွဲ အခမ်းအနားကို ရုပ်သိမ်းခဲ့သည်။

သင်တန်းဖွင့်ပွဲသို့ တိုင်းစိုက်ပျိုးရေးဦးစီးဌာနမှ တာဝန်ရှိသူများ၊ သင်တန်းနည်းပြများ၊ သင်တန်းသားများ တက်ရောက် ခဲ့ကြသည်။ အဆိုပါသင်တန်းတွင် ပိုးသတ်ဆေးဥပဒေ၊ ပိုးသတ်ဆေးဓာတ်ကြွင်းပြဿနာများ၊ ဖျက်ပိုး အမျိုးအစား ခွဲခြားခြင်းနှင့် ကာကွယ်နှိမ်နင်းနည်းများ၊ ပိုးသတ်ဆေးစနစ်တကျ ကိုင်တွယ် သုံးစွဲနည်း၊ ဘက်စုံသီးနှံ ကာကွယ်နှိမ်နင်းနည်းများ၊ ပိုးသတ်ဆေးဥပဒေဆိုင်ရာ လုပ်ထုံး လုပ်နည်များ၊ ရှေးဦးသူနာ ပြုစုနည်းနှင့်ကုသနည်များ၊ အပင်ပိုးမွှား ရောဂါပြန့်ပွားမှု ထိန်းချုပ်ရေးနှင့် သီးထိုးယင်ကာကွယ် နှိမ်နင်း နည်းများ၊ ပိုးသတ်ဆေးဖော်စပ်ထုတ်လုပ်မှုပုံစံနှင့် အရည်အသွေး၊ ဆေးဖြန်းပုံစံများ စံတိုက်ခြင်းနှင့် ပိုးသတ်ဆေး လိုအပ်ချက် တွက်ချက်ခြင်း၊ ပိုးသတ်ဆေးအညွှန်းစာ၊ သိုလှောင်သီးနှံဖျက်ပိုးနှင့် အဆိပ်ငွေ့မှိုင်းတိုက်ခြင်း၊ သီနှံပင်ရောဂါများနှင့် ကာကွယ်နှိ မ်နင်းနည်းများ၊ အပင်ရောဂါသတ်ဆေးများ အစွမ်းအာနိသင် ထိရောက်မှုနှင့် အသုံးပြုနိုင်မှုများ၊ ကြွက်အမျိုးမျိုးနှင့် ကာကွယ်နှိမ်နင်းနည်း၊ ပေါင်းသတ်ဆေးနှင့် အပင်ဟော်မုန်းအမျိုးမျိုးအန္တရာယ်ကင်း ထိရောက်စွာ သုံးစွဲနည်း၊ ပေါင်းအမျိုး အစားခွဲခြားနည်းနှင့် ပေါင်းအမျိုးမျိုး ဘက်စုံကာကွယ်နှိမ်နင်းနည်းများကို သင်ကြားလေ့ကျင့်ပေးမှာ ဖြစ်ကြောင်း သိရသည်။

အဆိုပါသင်တန်းတွင် အရည်အချင်းစစ် စာမေးပွဲဖြေဆိုရမှာဖြစ်ပြီး သင်တန်းဆင်း လက်မှတ် ပေးအပ်သွားမည် ဖြစ်သည်။ ယင်းသင်တန်းကို သင်တန်းသား ၁၃၆ ဦး တက်ရောက်ပြီး သင်တန်းကာလမှာ ဇွန် ၆ မှ ဇွန် ၉ ရက်နေ့အထိ ကြာမြင့်မှာဖြစ်ကြောင်း သိရသည်။

iprd