ပြည်ထောင်စုအဆင့်သတင်း သတင်းကဏ္ဍ

စိုက်ပျိုး‌ရေးနှင့်မွေးမြူရေးကိုအခြေခံ၍ နိုင်ငံစီးပွား ဖွံ့ဖြိုးတိုးတက်ရေး ကြိုးပမ်း

  မြစိမ်းရောင်စီမံကိန်းများသည် ဒေသဖွံ့ဖြိုးရေး အတွက် လက်တွေ့ အကျိုး ဖြစ်ထွန်းသည်ကို တွေ့ရှိရကြောင်း၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသများအတွက်လည်း မြစိမ်းရောင်စီမံကိန်းဖြင့် ဆောင်ရွက်နိုင်ရန် အရင်းမပျောက် မတည်ငွေများ ထုတ်ပေး ထားရှိပါကြောင်း၊ ဒေသ အလိုက် စီးပွားရေးလုပ်ငန်းများဖွံ့ဖြိုးတိုး တက်စေရန်အတွက် ဆောင်ရွက်ပေးခြင်းဖြစ်၍ သက်ဆိုင်သူအားလုံးက ကြိုးပမ်း ဆောင်ရွက် ကြစေ လိုကြောင်း နိုင်ဝင်ဘာလ(၁၃)ရက်နေ့ နံနက်ပိုင်းက ကျိုင်းတုံမြို့ရှိ ရှမ်းပြည်နယ် အစိုးရအဖွဲ့ ခေမရဌ်ဧည့်ရိပ်သာတွင် ပြည်နယ်နှင့် ခရိုင်အဆင့် လယ်ယာကဏ္ဍဆိုင်ရာ တာဝန်ရှိသူများ နှင့် တွေ့ဆုံစဉ် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာအောင်ကြီးက ပြောကြားသည်။

ပြည်ထောင်စုအဆင့်သတင်း သတင်းကဏ္ဍ

သီးထပ်သီးနှံများကို ရာသီအချိန်မီ စိုက်ပျိုးနိုင်မှသာ တောင်သူများ ဝင်ငွေ ပိုမို ရရှိစေမည်

  ကုန်ကျစရိတ် သက်သာစွာဖြင့် သီးထပ်သီးနှံများကို ရာသီအချိန်မီ စိုက်ပျိုးနိုင်မှသာ တစ်ဧကချင်း၏ စိုက်ပျိုးထုတ်လုပ်မှုတိုးတက်လာပြီး တောင်သူများ ဝင်ငွေ ပိုမို ရရှိစေမည် ဖြစ်ကြောင်း၊ ထယ်ရေးမလိုသော မျိုးစေ့ချ ကိရိယာကို အသုံးပြုခြင်းဖြင့် ထွန်စက်ကြီး အသုံးပြုမှု မှ ကြုံတွေ့ရမည့် မြေသိပ်သည်းမှုကို ဖြေလျှော့နိုင်မည်ဖြစ်သကဲ့သို့ ရေ နှင့် လေ တိုက်စားမှုမရှိသဖြင့် မြေဆီလွှာ ပျက်စီးမှုကို ကာကွယ် နိုင်မည် ဖြစ်သည့်အပြင် စိုက်ပျိုးရေး လုပ်ငန်း အတွက် ထွန်ယက်မြေပြင်ခြင်းကြောင့် မြေကြီးအတွင်းမှ ကာဗွန်ဒိုင် အောက်ဆိုဒ်များ လေထုအတွင်း ထုတ်လွှတ်မှုကို လျှော့ပါးစေမည်ဖြစ်၍ ကမ္ဘာကြီးပူနွေးလာမှုကို ကာကွယ်နိုင်မှာ ဖြစ်ကြောင်း၊ သို့ဖြစ်၍ တောင်သူများ အတွက် အကျိုးရှိပြီး သဘာဝပတ်ဝန်းကျင်ကို ထိန်းသိမ်း နိုင်မည့် ထယ်ရေးမလိုသော မျိုးစေ့ချ ကိရိယာသုံးစွဲခြင်း Read More…

ပြည်ထောင်စုအဆင့်သတင်း သတင်းကဏ္ဍ

ဘင်းမ်စတက် စိုက်ပျိုးရေး ဝန်ကြီးများ ၏ ဒုတိယအကြိမ် အစည်းအဝေး သို့ ပြည်ထောင်စုဝန်ကြီး ဦးတင်ထွဋ်ဦး ဦးဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့ တက်ရောက်ဆွေးနွေး

  တောင်အာရှနှင့် အရှေ့တောင်အာရှ နိုင်ငံများ ပါဝင်ဖွဲ့စည်းထားသည့် ဘင်္ဂလား ပင်လယ်အော် စီးပွားရေးနှင့် နည်းပညာဆိုင်ရာ ဘက်စုံ ပူးပေါင်း ဆောင်ရွက်ရေး အဖွဲ့အစည်း Bengal Initiative for Multi-Sectoral Technical and Economic Cooperation (BIMSTEC) ဘင်းမ်စတက် စိုက်ပျိုးရေးဝန်ကြီးများ ၏ ဒုတိယအကြိမ် အစည်းအဝေး (2nd BAMM) ကို နိုဝင်ဘာလ (၁၀) ရက်နေ့ မြန်မာစံတော်ချိန် နံနက်(၁၀)နာရီ တွင် အိန္ဒိယနိုင်ငံမှ အိမ်ရှင်နိုင်ငံ အဖြစ်ဦးဆောင်၍ Video Conferencing စနစ်ဖြင့် ကျင်းပရာ အစည်းအဝေး သို့ ဘင်းမ်စတက် အတွင်းရေးမှူးချုပ် Mr.Tenzil Lekphell ၊ အဖွဲ့ဝင်နိုင်ငံများဖြစ်ကြသော ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ ဘူတန်နိုင်ငံ၊ အိန္ဒိယနိုင်ငံ၊ နီပေါနိုင်ငံ၊ Read More…

ပြည်ထောင်စုအဆင့်သတင်း သတင်းကဏ္ဍ

အာဆီယံစီးပွားရေးအသိုက်အဝန်း(AEC)အစည်းအဝေးသို့ ပြည်ထောင်စုဝန်ကြီး ဦးတင်ထွဋ်ဦး တက်ရောက်

  အာဆီယံစီးပွားရေးကောင်စီအဖွဲ့ဝင်ဝန်ကြီးများ၊ အာဆီယံ စွမ်းအင်ဝန်ကြီးများ၊ အာဆီယံသယ်ယူပို့ဆောင်ရေး ဝန်ကြီးများနှင့် အာဆီယံ လယ်ယာ စိုက်ပျိုးရေးနှင့် သစ်တော ဆိုင်ရာ ဝန်ကြီးများ အစည်းအဝေးကို နိုဝင်ဘာလ(၉)ရက်နေ့ နေ့လည်(၁)နာရီခွဲအချိန်တွင် အလှည့်ကျ ဥက္ကဌဖြစ်သော ကမ္ဘောဒီးယားနိုင်ငံက အိမ်ရှင်နိုင်ငံ အဖြစ် ကျင်းပခဲ့ရာ အာဆီယံအဖွဲ့ဝင်(၁၀)နိုင်ငံမှ အာဆီယံစီးပွားရေး အသိုက်အဝန်း ကောင်စီ အဖွဲ့ဝင် ဝန်ကြီးများ၊ အာဆီယံ စွမ်းအင်ဆိုင်ရာဝန်ကြီးများ၊ အာဆီယံသယ်ယူပို့ဆောင်ရေးဆိုင်ရာ ဝန်ကြီးများနှင့် အာဆီယံ လယ်ယာ စိုက်ပျိုးရေးနှင့် သစ်တော ဆိုင်ရာ ဝန်ကြီးများ နှင့်အတူ မြန်မာနိုင်ငံမှ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးတင်ထွဋ်ဦး ၊ ဒုတိယဝန်ကြီး ဒေါက်တာအောင်ကြီး နှင့် မြန်မာကိုယ်စားလှယ်အဖွဲ့တို့ က Online ဖြင့် ပါဝင် တက်ရောက်ခဲ့ကြသည်။

ပြည်ထောင်စုအဆင့်သတင်း သတင်းကဏ္ဍ

မြန်မာ-ရုရှား လယ်ယာကုန်ထုတ်လုပ်မှု ဖွံ့ဖြိုးရေး ပူးပေါင်းဆောင်ရွက်ရန် ဆွေးနွေး

မြန်မာ-ရုရှား လယ်ယာကုန်ထုတ်လုပ်မှုဖွံ့ဖြိုးမှု ပူးပေါင်းဆောင်ရွက်ရေး ဆွေးနွေး ပွဲကို နိုဝင်ဘာလ(၉)ရက်နေ့ မွန်းလွဲ(၃)နာရီခွဲအချိန် က နေပြည်တော် ရုံးအမှတ်(၁၅) အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ရာ  စိုက်ပျိုးရေး၊မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီး ဌာန ပြည်ထောင်စုဝန်ကြီး ဦးတင်ထွဋ်ဦး ၊ သမဝါယမ နှင့် ကျေးလက်ဖွံ့ဖြိုးရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးလှမိုး၊ ရုရှားဖက်ဒရေးရှင်းနိုင်ငံ ရော့စ်ကွန်ဂရက် ရင်းနှီးမြုပ်နှံမှု ရန်ပုံငွေအဖွဲ့ ညွှန်ကြားရေးမှူး မစ္စတာ အလက်ဇန်းဒါးဆာဂီးအ်ဗ်ရှ် ရှာတီရော့ဗ် နှင့် အဖွဲ့တို့ တက်ရောက်ကြသည်။

သတင်းကဏ္ဍ ဦးစီးဌာနသတင်းများ

“လယ်ယာလုပ်ငန်းခွင်၏ လက်တွေ့ အချက်အလက်ကို အခြေခံသော စွမ်းဆောင်ရည် မြှင့်သင်တန်းများ ဖွင့်လှစ်”

  စိုက်ပျိုးထုတ်လုပ်သည့် သီးနှံများ အထွက်နှုန်းတိုးတက်ရေးသာမက တောင်သူများ၏ ရင်းနှီးမြုပ်နှံလုပ်ကိုင်ရမှု နှင့် ထိုက်တန်သည့် အကျိုးအမြတ်ခံစားနိုင်ရေး အတွက် စိုက်ပျိုး ထုတ်လုပ်မှု ဆိုင်ရာ နည်းပညာ အသိပညာများတိုးမြှင့်ဆောင်ရွက်ပေးနိုင်ရန် စိုက်ပျိုးရေး၊ မွေးမြူရေး နှင့် ဆည်မြောင်း ဝန်ကြီးဌာန က ဘက်ပေါင်းစုံမှ ကြိုးပမ်းဆောင်ရွက်လျက်ရှိရာ တောင်သူများနှင့် တိုက်ရိုက်ထိတွေ့ ဝန်ဆောင်မှု ပေးနေကြသည့် နိုင်ငံဝန်ထမ်းများ စွမ်းဆောင်ရည် မြင့်မားရေးကိုလည်း သက်ဆိုင်ရာကဏ္ဍများအလိုက် လုပ်ငန်းအစီအမံများ ချမှတ် ဆောင်ရွက်ပေး လျက် ရှိကြောင်း သိရသည်။