ပြည်ထောင်စုအဆင့်သတင်း သတင်းကဏ္ဍ

မြန်မာ-ရုရှား လယ်ယာကုန်ထုတ်လုပ်မှု ဖွံ့ဖြိုးရေး ပူးပေါင်းဆောင်ရွက်ရန် ဆွေးနွေး

မြန်မာ-ရုရှား လယ်ယာကုန်ထုတ်လုပ်မှုဖွံ့ဖြိုးမှု ပူးပေါင်းဆောင်ရွက်ရေး ဆွေးနွေး ပွဲကို နိုဝင်ဘာလ(၉)ရက်နေ့ မွန်းလွဲ(၃)နာရီခွဲအချိန် က နေပြည်တော် ရုံးအမှတ်(၁၅) အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ရာ  စိုက်ပျိုးရေး၊မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီး ဌာန ပြည်ထောင်စုဝန်ကြီး ဦးတင်ထွဋ်ဦး ၊ သမဝါယမ နှင့် ကျေးလက်ဖွံ့ဖြိုးရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးလှမိုး၊ ရုရှားဖက်ဒရေးရှင်းနိုင်ငံ ရော့စ်ကွန်ဂရက် ရင်းနှီးမြုပ်နှံမှု ရန်ပုံငွေအဖွဲ့ ညွှန်ကြားရေးမှူး မစ္စတာ အလက်ဇန်းဒါးဆာဂီးအ်ဗ်ရှ် ရှာတီရော့ဗ် နှင့် အဖွဲ့တို့ တက်ရောက်ကြသည်။

သတင်းကဏ္ဍ ဦးစီးဌာနသတင်းများ

“လယ်ယာလုပ်ငန်းခွင်၏ လက်တွေ့ အချက်အလက်ကို အခြေခံသော စွမ်းဆောင်ရည် မြှင့်သင်တန်းများ ဖွင့်လှစ်”

  စိုက်ပျိုးထုတ်လုပ်သည့် သီးနှံများ အထွက်နှုန်းတိုးတက်ရေးသာမက တောင်သူများ၏ ရင်းနှီးမြုပ်နှံလုပ်ကိုင်ရမှု နှင့် ထိုက်တန်သည့် အကျိုးအမြတ်ခံစားနိုင်ရေး အတွက် စိုက်ပျိုး ထုတ်လုပ်မှု ဆိုင်ရာ နည်းပညာ အသိပညာများတိုးမြှင့်ဆောင်ရွက်ပေးနိုင်ရန် စိုက်ပျိုးရေး၊ မွေးမြူရေး နှင့် ဆည်မြောင်း ဝန်ကြီးဌာန က ဘက်ပေါင်းစုံမှ ကြိုးပမ်းဆောင်ရွက်လျက်ရှိရာ တောင်သူများနှင့် တိုက်ရိုက်ထိတွေ့ ဝန်ဆောင်မှု ပေးနေကြသည့် နိုင်ငံဝန်ထမ်းများ စွမ်းဆောင်ရည် မြင့်မားရေးကိုလည်း သက်ဆိုင်ရာကဏ္ဍများအလိုက် လုပ်ငန်းအစီအမံများ ချမှတ် ဆောင်ရွက်ပေး လျက် ရှိကြောင်း သိရသည်။

သတင်းကဏ္ဍ ဦးစီးဌာနသတင်းများ

မြန်မာ့အော်ဂဲနစ်ထုတ်ကုန်များ နိုင်ငံတကာ စျေးကွက် သို့ ထိုးဖောက်၍ စျေးကွက်ယှဉ်ပြိုင်နိုင်စွမ်း မြင့်မားစေရေး ကြိုးပမ်းဆောင်ရွက်

ပြည်တွင်း၌ အော်ဂဲနစ်စိုက်ပျိုးထုတ်လုပ်သူများ နှင့် အော်ဂဲနစ်စျေးကွက်ဖြစ်ပေါ်လာရေး၊ ထောက်ခံချက်များပါရှိသော မြန်မာ့အော်ဂဲနစ် ထုတ်ကုန်များ နိုင်ငံတကာ စျေးကွက်သို့ ထိုးဖောက်၍ စျေးကွက်ယှဉ်ပြိုင်နိုင်စွမ်းမြင့်မားစေရေး အတွက် မြန်မာအော်ဂဲနစ် စံချိန်စံညွှန်းများ ကို ၂၀၁၉ ခုနှစ်၌ ထုတ်ပြန်ခဲ့ပြီးဖြစ်ရာ အော်ဂဲနစ်စိုက်ပျိုးရေးဆိုင်ရာ လျှောက်ထားခြင်း၊ စစ်ဆေးခြင်း၊ ထောက်ခံ ချက်ပေးခြင်း၊ အော်ဂဲနစ် စနစ်ကျင့်သုံးခြင်းများအတွက် လမ်းညွှန်ချက်များရေးဆွဲခြင်း ဆိုင်ရာ လုပ်ငန်းများ ဆက်လက် အကောင်အထည်ဖော်ဆောင်ရွက်ရန် ဒုတိယအကြိမ်အလုပ်ရုံ ဆွေးနွေးပွဲကို နိုဝင်ဘာလ ၄ ရက်နေ့က စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန နေပြည်တော် ရုံးအမှတ် ၄၃ ၌ ကျင်းပရာ စိုက်ပျိုးရေး ဦးစီးဌာန တာဝန်ရှိသူများ၊ အော်ဂဲနစ်အဖွဲ့ အစည်းအသီးသီးမှ ကိုယ်စားလှယ်များ၊ အော်ဂဲနစ် စိုက်ပျိုး ထုတ်လုပ်သူများ၊ တက်ရောက်ကြပြီး ဒေသအသီးသီးမှ အော်ဂဲနစ် စိုက်ပျိုး Read More…

ပြည်ထောင်စုအဆင့်သတင်း သတင်းကဏ္ဍ

စိုက်ပျိုးရေး၊မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ဝန်ထမ်းမိသားစုများ၏ စုပေါင်းမဟာဘုံကထိန် လှူဒါန်းပွဲကျင်းပ

  စိုက်ပျိုးရေး၊မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန၏ စုပေါင်းမဟာဘုံကထိန် သင်္ကန်း ဆက်ကပ် လှူဒါန်းပွဲ အခမ်းအနားကို  နိုဝင်ဘာလ (၃)ရက်နေ့ နံနက်ပိုင်း က နေပြည်တော် ရုံးအမှတ်(၁၅)ရှိ ပြည်ထောင်စုဝန်ကြီးရုံး စုဝေးဆောင်ခန်းမ၌ ကျင်ပပြုလုပ်ရာ အခမ်းအနား တွင် ပျဉ်းမနားမြို့ မဟာလယ်တီစံကျောင်းတိုက်၏ ပဓာနနာယက အဂ္ဂမဟာပဏ္ဍိတ  ဘဒ္ဒန္တဣန္ဒဝံသ ထံမှ  ပြည်ထောင်စုဝန်ကြီး ဦးတင်ထွဋ်ဦး ၊ ဒုတိယဝန်ကြီး ဒေါက်တာအောင်ကြီး ၊ အမြဲတမ်းအတွင်းဝန် နှင့် ညွှန်ကြားရေးမှူးချုပ်များ၊ ပါမောက္ခချုပ်များ၊ ဝန်ထမ်းမိသားစုများ က  ငါးပါးသီလခံယူ ဆောက်တည်ကြပြီး ဆရာတော် သံဃာတော်များရွတ်ပွားကြသည့် ပရိတ် တရားတော်များ ကို နာယူကြသည်။

သတင်းကဏ္ဍ ဦးစီးဌာနသတင်းများ

မြန်မာ့အော်ဂဲနစ်ထုတ်ကုန်များ နိုင်ငံတကာ စျေးကွက် သို့ ထိုးဖောက်၍ စျေးကွက်ယှဉ်ပြိုင်နိုင်စွမ်း မြင့်မားစေရေး ကြိုးပမ်းဆောင်ရွက်

ပြည်တွင်း၌ အော်ဂဲနစ်စိုက်ပျိုးထုတ်လုပ်သူများ နှင့် အော်ဂဲနစ်စျေးကွက်ဖြစ်ပေါ်လာရေး၊ ထောက်ခံချက် များ ပါရှိသော မြန်မာ့အော်ဂဲနစ် ထုတ်ကုန်များ နိုင်ငံတကာ စျေးကွက်သို့ ထိုးဖောက်၍ စျေးကွက် ယှဉ်ပြိုင်နိုင်စွမ်းမြင့်မားစေရေး အတွက် မြန်မာ အော်ဂဲနစ် စံချိန် စံညွှန်း များ ကို ၂၀၁၉ ခုနှစ်၌ ထုတ်ပြန်ခဲ့ပြီးဖြစ်ရာ အော်ဂဲနစ်စိုက်ပျိုးရေးဆိုင်ရာ လျှောက်ထားခြင်း၊ စစ်ဆေးခြင်း၊ ထောက်ခံ ချက် ပေးခြင်း၊ အော်ဂဲနစ်စနစ် ကျင့်သုံးခြင်းများ အတွက် လမ်းညွှန်ချက်များရေးဆွဲခြင်း ဆိုင်ရာ လုပ်ငန်းများ ဆက်လက် အကောင်အထည်ဖော် ဆောင်ရွက်ရန် ဒုတိယအကြိမ်အလုပ်ရုံ ဆွေးနွေးပွဲကို နိုဝင်ဘာလ၄ ရက်နေ့က စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်း ဝန်ကြီးဌာန နေပြည်တော် ရုံးအမှတ် ၄၃ ၌ ကျင်းပရာ စိုက်ပျိုးရေး ဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် Read More…

ပြည်ထောင်စုအဆင့်သတင်း သတင်းကဏ္ဍ

“လယ်ယာကဏ္ဍအတွက် ရေအရင်းအမြစ် စီမံခန့်ခွဲရေး”ခေါင်းစဉ်ဖြင့် (၁၅) ကြိမ်မြောက် ဗုဒ္ဓဟူးနေ့စကားဝိုင်းဆွေးနွေးပွဲကျင်းပ

လယ်ယာကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ မူဝါဒများ၊ ဦးတည်ချက် နှင့် မျှော်မှန်းချက်များ ပြည့်စုံ အောင်မြင်စွာ အကောင်အထည် ဖော်နိုင်ရေးအတွက် စိုက်ပျိုးရေး၊မွေးမြူရေးနှင့်ဆည်မြောင်း ဝန်ကြီးဌာန အောက်ရှိ ဦးစီးဌာနများ အကြား အချိတ် အဆက်မိမိ ဆောင်ရွက်နိုင်ရေး နှင့် လုပ်ငန်းခွင် အတွေ့အကြုံမျာ အပြန်အလှန် ဖလှယ်နိုင်ပြီး ဟန်ချက်ညီ ပူးပေါင်း ဆောင်ရွက်နိုင်စေရန် လုပ်ငန်း ကဏ္ဍများအလိုက် ခေါင်းစဉ်များသတ်မှတ်ပြီး လစဉ်ပထမပတ် ဗုဒ္ဓဟူးနေ့တိုင်း စကားဝိုင်း ဆွေးနွေးပွဲများ ကျင်းပ လျက်ရှိသည်။