ပြည်ထောင်စုအဆင့်သတင်း

(၂၆)ကြိမ်မြောက် အာဆီယံစိုက်ပျိုးရေးသမဝါယမအသင်းများ ဖွံ့ဖြိုးတိုးတက်ရေး ဘုတ်အဖွဲ့ ACEDAC နှင့် (၂၁)ကြိမ်မြောက် အာဆီယံစိုက်ပျိုးရေး သမဝါယမ အသင်းများ ၏ ကဏ္ဍအလိုက်လုပ်ငန်းအဖွဲ့ ASWGAC အစည်းအဝေးများ ဖွင့်ပွဲအခမ်းအနားကျင်းပ

ရာသီဉတု ပြောင်းလဲမှုဒဏ်၊ သဘာဝဘေးဒဏ်နဲ့ အခြားသော ဘေးအန္တရာယ်များ ကျရောက်မှုကြောင့် အာဆီယံဒေသတွင်း တောင်သူ လယ်သမားများ ကြုံတွေ့နေရတဲ့ အခက်အခဲများ လျော့ပါးသက်သာစေဖို့ မိမိတို့အားလုံးက အလေးအနက်ထား ဆောင်ရွက်ကြ ရမှာ ဖြစ်သလို လယ်ယာကဏ္ဍမှာ သီးနှံအထွက်နှုန်း တိုးတက် လာစေပြီး၊ စိုက်ပျိုးရေး ထုတ်ကုန်များ စျေးကောင်းရရှိလာစေဖို့၊ တန်ဖိုးမြှင့် ထုတ်ကုန်များ တိုးတက်ထုတ်လုပ် လာနိုင်စေဖို့ ဦးတည်ဖော်ဆောင်ကြရမှာဖြစ်ကြောင်း။

ဦးစီးဌာနသတင်းများ

မြန်မာဆယ်မာအူးလ်အွန်ဒုန်စီမံကိန်း ကျေးရွာသစ်လှုပ်ရှားမှုမွမ်းမံသင်တန်း အမှတ်စဉ် (၃/၂၀၁၉)သင်တန်းဖွင့်လှစ်

ကျေးရွာသစ်လှုပ်ရှားမှုမွမ်းမံ သင်တန်းအမှတ်စဉ်(၃/၂၀၁၉)ဖွင့်ပွဲအခမ်းအနားကို ၂၀၁၉ ခုနှစ်၊ မေလ(၂၀)ရက်နေ့ နံနက်(၈)နာရီခွဲအချိန်က နေပြည်တော် ရေဆင်း ရှိ AERDTC သင်တန်းကျောင်း၌ကျင်းပရာ အခမ်းအနားသို့ စိုက်ပျိုးရေးဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူးချုပ်၊ ဦးအေးကိုကို၊ သင်တန်းကျောင်းတာဝန်ခံ ဒေါက်တာညီညီ၊ သင်တန်းနည်းပြများ၊ နေပြည်တော်၊ စစ်ကိုင်းတိုင်းဒေသကြီးနှင့် တနင်္သာရီတိုင်းဒေသကြီး၊ ရခိုင်ပြည်နယ်နှင့်မွန်ပြည်နယ်တို့ရှိ ကျေးရွာသစ်လှုပ်ရှားမှု စီမံကိန်းဝင်ကျေးရွာများမှ သင်တန်းသား၊ သင်တန်းသူများတက်ရောက်ကြသည်။ ​အခမ်းအနားကို နိုင်ငံတော်သီချင်း သီဆို၍ ဖွင့်လှစ်ပြီး စိုက်ပျိုးရေးဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူးချုပ်၊ ဦးအေးကိုကို က အဖွင့်အမှာစကားပြောကြားပြီး ၊ သင်တန်းကျောင်း တာဝန်ခံ ဒေါက်တာညီညီ က သင်တန်းသားများအား ကြိုဆိုနှုတ်ခွန်းဆက်စကား ပြောကြားသည်။ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန၊ စိုက်ပျိုးရေးဦးစီးဌာန က အကောင်အထည်ဖော်ဆောင်ရွက်လျှက်ရှိသော မြန်မာဆယ်မာအူးလ်အွန်ဒုန်စီမံကိန်းအရ နေပြည်တော် ကောင်စီနယ်မြေ၊ ဇေယျာသီရိမြို့နယ်၊ ရေဆင်းတွင် ဖွင့်လှစ်ထားသော စိုက်ပျိုးပညာပေးရေးနှင့် Read More…

နယ်သတင်းများ

GAP Inspector သင်တန်းအမှတ်စဉ် (၅/၂၀၁၉) သင်တန်းဖွင့်လှစ်

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန၊ စိုက်ပျိုးရေးဦးစီးဌာန၊ ထုံးဘိုရိတ်သိမ်း ချိန်လွန်နည်းပညာသင်တန်းကျောင်းတွင် (၂၀.၅.၂၀၁၉)ရက်နေ့ နံနက်(၀၉:၀၀)နာရီ အချိန်တွင် GAP Inspector အမှတ်စဉ်(၅/၂၀၁၉) သင်တန်းဖွင့်ပွဲအခမ်းအနားကို ကျင်းပခဲ့ရာ အခမ်းအနား တွင် မန္တလေးတိုင်းဒေသကြီး၊ စိုက်ပျိုးရေးဦးစီးဌာန၊ ဒု-တိုင်းဒေသကြီးဦးစီးမှူး၊ ဦးတင့်လွင်နှင့် သင်တန်းကျောင်း ကျောင်းအုပ်ကြီး ဦးမင်းထိန်ဝင်းတို့မှ အမှာစကားပြောကြားကြသည်။

သတင်းကဏ္ဍ ဦးစီးဌာနသတင်းများ

မျိုးသန့်မျိုးစေ့များ သုံးစွဲစိုက်ပျိုးမှု မြှင့်တင်ရေး အစီအစဉ် ၏ ဒုတိယအကြိမ်မြောက် အစည်းအဝေးကျင်းပ

        စိုက်ပျိုးရေးဦးစီးဌာန နှင့် JICA တို့ပူးပေါင်းဆောင်ရွက်သော စပါးသီးနှံတွင် မျိုးသန့်မျိုးစေ့များ သုံးစွဲစိုက်ပျိုးမှု မြှင့်တင်ရေး အစီအစဉ် ၏ ဒုတိယအကြိမ်မြောက် အစည်းအဝေးကို မေလ ၂၀ ရက် ညနေပိုင်းက နေပြည်တော် ရုံးအမှတ် ၁၅ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ရာ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာရဲတင့်ထွန်း နှင့် ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ ညွှန်ကြားရေးမှူးများ၊ ဂျပန်နိုင်ငံ အပြည်ပြည် ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးအေဂျင်စီ JICA မှ တာဝန်ရှိသူများတက်ရောက် ကြသည်။