ပြည်ထောင်စုအဆင့်သတင်း သတင်းကဏ္ဍ

တိရစ္ဆာန်အစာ စိုက်ပျိုးကျွေးမွေးခြင်း နှင့် တိရစ္ဆာန်အစာ ချဉ်ဖတ်ထုတ်လုပ်ခြင်း တိုးမြှင့်ဆောင်ရွက်မည်

နိုင်ငံ၏ နှစ်စဉ်အသားတင်ထုတ်လုပ်မှုတန်ဖိုး တိုးတက်ရေးအတွက် ကျွဲ နွား သိုး ဆိတ် အပါအဝင် အသားကဏ္ဍသည်လည်း အရေးပါသော လုပ်ငန်းတစ်ရပ်အဖြစ် ရပ်တည်နေ လျက် ရှိကြောင်း၊ မွေးမြူရေးလုပ်ကိုင်သူများ အနေဖြင့် လွှတ်ကျောင်းစနစ်အစား တိရစ္ဆာန် အစာ စိုက်ပျိုး ကျွေးမွေးသည့်စနစ် ကျင့်သုံးဆောင်ရွက်နိုင်ကြစေရန် ပြည်နယ်နှင့် တိုင်းဒေသကြီး အသီးသီး တွင် နည်းပညာပေးခြင်း၊ ဒေသနှင့်ကိုက်ညီသော တိရစ္ဆာန်အစာပင်များ လက်တွေ့ စိုက်ပျိုးပြသခြင်းများ၊ တိရစ္ဆာန်အစာ ချဉ်ဖတ်ပြုလုပ်နည်းများ ဖြန့်ဝေပေးခြင်းကို တိုးမြှင့်ဆောင်ရွက်သွားမည် ဖြစ် ကြောင်း ဇူလိုင်လ (၈)ရက်နေ့ နံနက်ပိုင်းက စိုက်ပျိုးရေး၊မွေးမြူရေးနှင့်ဆည်မြောင်း ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်သည့် တိရစ္ဆာန်အစာ စိုက်ပျိုးကျွေးမွေး ခြင်းနှင့်တိရစ္ဆာန်အစာချဉ်ဖတ်ထုတ်လုပ်ခြင်း လုပ်ငန်းညှိနှိုင်းအစည်းအဝေး တွင် ပြည်ထောင်စု ဝန်ကြီး ဦးတင်ထွဋ်ဦး က ပြောကြားသည်။

ပြည်ထောင်စုအဆင့်သတင်း

အရည်အသွေးမြင့် လယ်ယာသုံးစက်ကိရိယာများ တွင်ကျယ်စွာ အသုံးပြု နိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ

လယ်ယာသုံးစက်ကိရိယာများ၏ စွမ်းဆောင်နိုင်မှုနှင့် တောင်သူ၏ ရင်းနှီးမြုပ်နှံမှု အပေါ် တွက်ချေကိုက် အသုံးတည့်စေရေးကိုအခြေခံသည့် သုတေသနလုပ်ငန်းများကို တိုးမြှင့်ဆောင်ရွက် ရန် လိုအပ်ကြောင်း၊ အခြားတစ်ဘက်တွင်လည်း စက်မှုလယ်ယာစနစ် အပြည့်အဝ ကူးပြောင်း ရေးလုပ်ငန်းစဉ်များ တွင် ပုဂ္ဂလိကကဏ္ဍ ၏ ပူးပေါင်းပါဝင်မှု အားကောင်းလာစေရေး စည်းရုံး ဆောင်ရွက် သွားကြစေလိုကြောင်း ဇူလိုင်လ (၈)ရက်နေ့ မွန်းလွဲပိုင်းက စိုက်ပျိုးရေး၊ မွေးမြူရေး နှင့်ဆည်မြောင်းဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်သည့် အရည်အသွေးမြင့် လယ်ယာသုံးစက်ကိရိယာများ တွင်ကျယ်စွာ အသုံးပြု နိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေး တွင် ဒုတိယဝန်ကြီး ဒေါက်တာအောင်ကြီး က ပြောကြားသည်။

ဦးစီးဌာနသတင်းများ

ဆည်မြောင်းနှင့်ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူးအဆင့် မွမ်းမံ သင်တန်းဖွင့်လှစ်

စိုက်ပျိုးရေး၊မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန၊ ဆည်မြောင်းနှင့်ရေအသုံးချမှု စီမံ ခန့်ခွဲရေး ဦးစီးဌာန ရှိ မြို့ပြ၊ စက်မှု နှင့် ဘူမိဆိုင်ရာ လက်ထောက်ညွှန်ကြားရေးမှူးများ၏ စွမ်းဆောင်ရည်မြှင့်တင်ရေး မွမ်းမံသင်တန်းများကို ကျန်းမာရေးဆိုင်ရာညွှန်ကြားချက်များနှင့်အညီ ဖြစ်စေရေးနှင့် သက်ဆိုင်ရာ ဒေသအသီးသီးမှ အဆင်ပြေလွယ်ကူစွာ တက်ရောက်နိုင်ကြစေရန် Zoom Virtual Conference စနစ်ဖြင့် ဖွင့်လှစ်ပို့ချခဲ့ရာ ဇွန်လနောက်ဆုံးပတ်က သင်တန်း အပတ်စဉ်(၇)ကို ဖွင့်လှစ်ပို့ချခဲ့ကြောင်း သိရသည်။

ရုပ်မြင်သံကြား

သဘာဝဂေဟစနစ်အမှီပြု ဘက်စုံ ဖွံ့ဖြိုး တိုးတက်ရေး စီမံကိန်း အကောင်အထည်ဖော်ဆောင်ရွက်

ပြည်ထောင်စုအဆင့်သတင်း သတင်းကဏ္ဍ

ချောင်းမငယ်ရေလှောင်တမံပတ်ဝန်းကျင် တွင် သဘာဝဂေဟစနစ်အမှီပြု ဘက်စုံဖွံ့ဖြိုးတိုးတက်ရေးစီမံကိန်း အကောင်အထည်ဖော်ဆောင်ရွက်

ဆည်တမံကြီးများ နှင့် ယင်းတို့၏ ပတ်ဝန်းကျင်ရှိ သဘာဝသစ်တော သစ်ပင်များ ရေရှည် တည်တံ့ စေရေးအတွက် ပြုစုထိန်းသိမ်းရန် လိုအပ်သည့်နည်းတူ ဒေသနေပြည်သူများ အနေဖြင့် လည်း သဘာဝဂေဟစနစ်အမှီပြု စိုက်ပျိုး မွေးမြူရေးလုပ်ငန်းများ စနစ်တကျ လုပ်ကိုင် နိုင်ကြ စေရေး အားပေး ကူညီသွားရန်လိုအပ်ကြောင်း၊ အထူးသဖြင့် မြိို့ပြနှင့်နီးပြီး လမ်းပန်း ဆက်သွယ် ရေး ကောင်းမွန်ကာ သဘာဝအတိုင်း ပေါက်ရောက်လျက်ရှိနေသည့် သစ်တော သစ်ပင်များ စုံလင်သည့် ချောင်းမငယ်ရေလှောင်တမံ ပတ်ဝန်းကျင်ကို ဘက်စုံ ဖွံ့ဖြိုးရေး ဒေသ အဖြစ် တိုးမြှင့် ဆောင်ရွက် သွားမည်ဖြစ်ကြောင်း  ဇူလိုင်လ ၄ ရက်နေ့ နံနက်ပိုင်း က သဘာဝ ဂေဟစနစ်အမှီပြု ဘက်စုံဖွံ့ဖြိုး တိုးတက်ရေး စီမံကိန်း လုပ်ငန်းများ ကွင်းဆင်းစစ်ဆေးစဉ် Read More…

နယ်သတင်းများ

မုံရွာ တွင် RS to CS မျိုးစေ့ထုတ်တောင်သူများကို သွင်းအားစုများ ထောက်ပံ့

​ယခုနှစ် မိုးရာသီတွင် စိုက်ပျိုးမည့် မိုးစပါး၊ မိုးချည်မျှင်ရှည်ဝါနှင့် ပဲစဉ်းငုံ မျိုးစေ့ထုတ်ကွက် ဆောင်ရွက်မည့် မုံရွာမြို့နယ် ရှိ ကျေးရွာ (၅)ရွာမှ တောင်သူ(၂၅)ဦး တို့ ၏ မျိုးစေ့ထုတ်စိုက်ခင်း (၄၅)ဧက အတွက် သွင်းအားစု ပစ္စည်းများကို ဇူလိုင်လ(၂)ရက်နေ့က ရရှိခဲ့ကြကြောင်း သိရသည်။