နယ်သတင်းများ သတင်းကဏ္ဍ

မဘိမ်းမြို့နယ်တွင် ဂရန်အင်းနှင့် တင်ဒါ ငါးဖမ်းကွက်များ လေလံတင်ရောင်းချ

ရှမ်းပြည်နယ်(မြောက်ပိုင်း) မိုးမိတ်ခရိုင် မဘိမ်းမြို့နယ်တွင် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ငါးလုပ်ငန်းဦးစီးဌာန၏ ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ်အတွက် ဂရန်အင်းနှင့် တင်ဒါငါးဖမ်းကွက်များ လေလံတင်ရောင်းချပွဲ အခမ်းအနားကို ယမန်နေ့ နံနက် ၁၀ နာရီက မဘိမ်းမြို့နယ်ခန်းမ၌ ကျင်းပခဲ့သည်။

ရှေးဦးစွာ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးအောင်မြင့်ရှိန်၊ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးမောင်ညိုနှင့် ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးဇော်မိုးလွင်တို့က အမှာစကားပြော ကြားကြ သည်။ ဆက်လက်၍ လေလံတင်ရောင်းချရေးအဖွဲ့ခေါင်းဆောင် လားရှိုးခရိုင် ငါးလုပ်ငန်းဦးစီးဌာန မှူး ဦးစောလင်းက ငါးလုပ်ငန်းဆိုင်ရာ ကိစ္စရပ်များနှင့်ပတ်သက်၍ လည်းကောင်း လေလံတင် ရောင်းချရေးအဖွဲ့ဝင် မဘိမ်းမြို့နယ် ငါးလုပ်ငန်းဦးစီးဌာနမှူး ဦးသိန်းဝင်းက အင်းနှင့်တင်ဒါငါးဖမ်း ကွက်များအား စနစ်တကျ လုပ်ကိုင်နိုင်ရေးအတွက် အင်းနှင့်တင်ဒါငါးဖမ်းကွက် လေလံစည်းကမ်း ချက်များနှင့် ပတ်သက်၍လည်းကောင်း ရှင်းလင်းပြောကြားကြသည်။

ထို့နောက် ရှမ်းပြည်နယ်ငါးလုပ်ငန်း ဦးစီးဌာန၏ ကြီးကြပ်မှုဖြင့် လေလံတင်ရောင်းချရေးအဖွဲ့က မဘိမ်းမြို့နယ် အတွင်းရှိ အင်း(၅)အင်းနှင့် တင်ဒါငါးဖမ်းကွက်(၄)ကွက်တို့အား စျေးပြိုင် စနစ်ဖြင့် ပထမအကြိမ် လေလံတင် ရောင်းချခဲ့ပြီး လေလံတင်ရောင်းချရန် ကျန်ရှိသော အင်း(၂) အင်းနှင့် တင်ဒါငါးဖမ်းကွက်(၅)ကွက်တို့အား ဇူလိုင်လ ဒုတိယပတ်တွင် ဒုတိယအကြိမ်အဖြစ် လေလံတင် ရောင်းချပေးသွားမည်ဖြစ်ကြောင်း မြို့နယ်ငါးလုပ်ငန်းဦးစီးဌာနမှ သိရသည်။

iprd