သတင်းကဏ္ဍ ဦးစီးဌာနသတင်းများ

သုတေသနပင်မစီမံချက် (Agricultural Research Master Plan- ARMP) ရေးဆွဲ ဆောင်ရွက်ရေးအတွက် တာဝန်နှင့် ဝတ္တရားများ၊ ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များ ညှိနှိုင်းဆွေးနွေး

သုတေသန ပင်မစီမံချက် (Agricultural Research Master Plan- ARMP) ရေးဆွဲ ဆောင်ရွက်ရေး အတွက် လုပ်ငန်းညှိနှိုင်းဆွေးနွေးပွဲကို အောက်တိုဘာလ (၁) ရက်နေ့ နှင့် (၂) ရက်နေ့ များတွင်  စိုက်ပျိုးရေးသုတေသနဦးစီးဌာန၊ နဝရတ်ခန်းမ၌ ကျင်းပပြုလုပ်ရာ၊ စိုက်ပျိုးရေးသုတေသနဦးစီးဌာန၊ စိုက်ပျိုးရေးဦးစီးဌာန၊ စီမံကိန်းဦးစီးဌာန၊ ဆည်မြောင်းနှင့် ရေအသုံးချမှု စီမံခန့်ခွဲရေးဦးစီးဌာန၊ လယ်ယာမြေ စီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာန၊

မွေးမြူရေးနှင့် ကုသရေးဦးစီးဌာန၊ ငါးလုပ်ငန်းဦးစီးဌာန၊ အသေးစား စက်မှုလက်မှု လုပ်ငန်းဦးစီးဌာနမှ ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ ရေဆင်း စိုက်ပျိုးရေးတက္ကသိုလ်နှင့် မွေးမြူရေးဆိုင်ရာ ဆေးတက္ကသိုလ်မှ ပါမောက္ခချုပ်၊ ဒုတိယ ပါမောက္ခချုပ်၊ ပါမောက္ခများနှင့် တာဝန်ရှိသူများ၊ အကြံပေးပညာရှင် Dr. Han Roseboon နှင့် Dr. Duncan Boughton၊ သက်ဆိုင်ရာ ပညာရှင်များ တက်ရောက်ဆွေးနွေးကြပြီး သက်ဆိုင်ရာ ကျွမ်းကျင်ပညာရှင်များ ပါဝင်သည့် နည်းပညာကော်မတီအလိုက် တာဝန်နှင့် ဝတ္တရားများ (Term of Reference)၊ ဖွဲ့စည်းပုံနှင့် လုပ်ငန်းတာဝန် သက်မှတ်ချက်များ ရေးဆွဲ အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေးနှင့် စပ်လျဉ်းသည်များအား ပညာရှင်များက ဆွေးနွေး အကြံပြုခဲ့ကြကြောင်း သိရသည်။