စိုက်ပျိုးရေးဦးစီးဌာန၊ မြေအသုံးချရေးဌာနခွဲ နှင့် ထိုင်းနိုင်ငံ မြေယာဖွံ့ဖြိုးတိုးတက်ရေး ဌာန(Land Development Department- LDD) တို့ ပူးပေါင်းဆောင်ရွက်သည့် ဧရာဝတီ-ကျောက်ဖရား-မဲခေါင် စီးပွားရေးပူးပေါင်းဆောင်ရွက်ရေးအဖွဲ့(ACMECS)” စီမံကိန်းအရ ၂၀၂၀ ခုနှစ် တွင် ဆက်လက်ဆောင်ရွက်သွားမည့် အစီအစဉ်များ ညှိနှိုင်းဆွေးနွေးရန် အဆင့်မြင့်အရာရှိအဆင့် အစည်းအဝေးကို စက်တင်ဘာ ၁၂ ရက်နေ့ နံနက် ၉နာရီခွဲက စိုက်ပျိုးရေး၊မွေးမြူရေးနှင့် ဆည်မြောင်း ဝန်ကြီးဌာန ရုံးအမှတ် ၄၃ အစည်းအဝေး ခန်းမတွင် ကျင်းပြုလုပ်ရာ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာရဲတင့်ထွန်း တက်ရောက်၍ အဖွင့် အမှာစကား ပြောကြားသည်။
အစည်းအဝေးသို့ ထိုင်းနိုင်ငံ မြေယာ ဖွံ့ဖြိုး တိုးတက်ရေးဌာန ဒုတိယညွှန်ကြားရေးမှူး ချုပ် Mr. Sathaporn Jaiarree ဦးဆောင်သော အဖွဲ့၊ မြေအသုံးချရေးဌာနခွဲ ညွှန်ကြားရေးမှူး ဒေါ်သူဇာမြင့် နှင့် စီမံကိန်းတွင် ပါဝင်ဆောင်ရွက်ကြသည့် ပညာရှင်များ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများ တက်ရောက်ကြသည်။
ထိုင်းနိုင်ငံ မြေယာဖွံ့ဖြိုးတိုးတက်ရေးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် Mr. Sathaporn Jaiarree က စီမံကိန်းအရ ၂၀၂၀ ခုနှစ် တွင် ဆက်လက်ဆောင်ရွက်သွားမည့် အစီအစဉ်များ နှင့် ပတ်သက်၍လည်းကောင်း၊ မြေအသုံးချရေးဌာနခွဲ ညွှန်ကြားရေးမှူး ဒေါ်သူဇာမြင့် က ACMECS စီမံကိန်းအစီအစဉ်ဖြင့် Land Use Planning and Land Development in Watershed area စီမံကိန်းကို ၂၀၁၇ ခုနှစ်မှ ၂၀၂၁ အတွင်း ဆောင်ရွက်ပြီးစီးမှုနှင့် ဆက်လက် ဆောင်ရွက်သွားရန်များ၊ အဆိုပါစီမံကိန်း အတွက် ၂၀၂၀ ခုနှစ် တွင် အကောင်အထည်ဖော် ဆောင်ရွက်မည့် လုပ်ငန်းစဉ်များကို လည်းကောင်း အသီးသီး ရှင်းလင်း ပြောကြားကြပြီး နောက် အစည်းအဝေး တက်ရောက် လာသူများက စီမံကိန်းအစီအစဉ်များနှင့် ပတ်သတ်၍ ဝိုင်းဝန်းဆွေးနွေးကြသည်။
ဧရာဝတီ-ကျောက်ဖရား-မဲခေါင် စီးပွားရေးပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ ACMECS စီမံကိန်းအနေဖြင့် မြန်မာနိုင်ငံတွင် ဆောင်ရွက်လျက်ရှိသော မြေဆီလွှာ အာဟာရဓာတ် ဖွံ့ဖြိိုးတိုးတက်စေရန်အတွက် ဆက်စပ်လုပ်ငန်းများ အကောင်အထည်ဖော် ဆောင်ရွက်ခြင်း တို့တွင် ပူးပေါင်းဆောင်ရွက်လျက် ရှိကြောင်း သတင်းရရှိသည်။