သတင်းကဏ္ဍ ဦးစီးဌာနသတင်းများ

မြစိမ်းရောင်ကျေးရွာခေါင်းဆောင်များအတွက် ကျေးရွာသစ်လှုပ်ရှားမှုသင်တန်း(အမှတ်စဉ် ၂/၂၀၁၉) သင်တန်း ဖွင့်လှစ်

    

စိုက်ပျိုးရေး၊မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန အောက်ရှိ ဦးစီးဌာနများ အနေဖြင့် မိမိတို့ဝန်ကြီးဌာနအောက်ရှိ ဦးစီးဌာနများအချင်းချင်း အပြန်အလှန် ပူးပေါင်းဆောင်ရွက်ခြင်း၊ ဆက်စပ်ဌာနများ မိတ်ဖက်အဖွဲ့အစည်းများ နှင့် ပူးပေါင်း ဆောင်ရွက်ခြင်းတို့ဖြင့်  စိုက်ပျိုးမွေးမြူရေးကဏ္ဍ

ကျေးလက်ကဏ္ဍများ အရှိန်အဟုန် ကောင်းစွာ ဖွံ့ဖြိုးလာရေးကို ကြိုးပမ်းအကောင်အထည်ဖော်လျက်ရှိရာ မြစိမ်းရောင်ကျေးရွာ ခေါင်းဆောင်များအတွက် ကျေးရွာသစ်လှုပ်ရှားမှုသင်တန်း အမှတ်စဉ် (၂/၂၀၁၉)ကို အောက်တိုဘာလ(၇)ရက်နေ့ နံနက်(၈)နာရီခွဲအချိန် က နေပြည်တော်ကောင်စီနယ်မြေ၊ ဇေယျာသီရိမြို့နယ်၊ ရေဆင်းရှိ စိုက်ပျိုးပညာပေးရေး နှင့် ကျေးလက်ဒေသဖွံ့ဖြိုးရေးသင်တန်းကျောင်း AERDTC ၌ ဖွင့်လှစ်ခဲ့သည်။

စိုက်ပျိုးရေးဦးစီးဌာန နှင့် KOICA တို့ ပူးပေါင်း အကောင်အထည်ဖော် ဆောင်ရွက်လျှက်ရှိသော မြန်မာဆယ်မာအူးလ်အွန်ဒုန်စီမံကိန်း အရ ဖွင့်လှစ်ထား သည့် စိုက်ပျိုးပညာပေးရေး နှင့် ကျေးလက်ဒေသဖွံ့ဖြိုးရေးသင်တန်းကျောင်း AERDTC တွင် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန က အကောင်အထည်ဖော် ဆောင်ရွက်လျှက်ရှိသည့် မြစိမ်းရောင်စီမံကိန်းစံပြကျေးရွာများမှ  ကျေးရွာ ခေါင်းဆောင်များ အား ကျေးရွာဖွံ့ဖြိုးရေးဆိုင်ရာ အတွေးအခေါ်အယူအဆများ မျှဝေဖလှယ်နိုင်ရန် သင်တန်းများဆောင်ရွက်ပေးခြင်းဖြစ်ကြောင်း ၊ ဆယ်မာအူးလ် စိတ်ဓာတ်များဖြစ်သည့် မိမိကိုယ်ကိုအားကိုးခြင်း၊ လုံလဝီရိယရှိခြင်းနှင့် ပူးပေါင်း ဆောင်ရွက်ခြင်းဟူသော စိတ်ဓာတ်များကိန်းအောင်ပြီး ခေါင်းဆောင်ကောင်း တစ်ယောက်၏ အရည်အချင်းများဖြင့် ကျေးရွာဖွံ့ဖြိုးရေး လုပ်ငန်းများ ဆောင်ရွက်နိုင်စေရန်၊  ကချင်၊ ကယား၊ ချင်း၊ ရခိုင် နှင့် ရှမ်းပြည်နယ်များရှိ မြစိမ်းရောင်စီမံကိန်းစံပြကျေးရွာ (၃၇)ရွာမှ ကျေးရွာ လူထုအားလုံးအား တစ်ညီတစ်ညွတ်တည်း ဖြစ်စေရေးအတွက် စည်းရုံးဆောင်ရွက်နိုင်စေရန် “ကျေးရွာများ ဖွံ့ဖြိုးတိုး တက်ရေးသည် နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်မှု၏ အခြေခံဖြစ်သည်” ဆိုသည့် သင်တန်း ကျောင်း၏ ဆောင်ပုဒ်နှင့်အညီ ယခုသင်တန်းကို ဆောင်ရွက်ပေးခြင်း ဖြစ်ကြောင်း သတင်းရရှိသည်။