စစ်ကိုင်းတိုင်းဒေသကြီးအတွင်း ၌ တောင်သူလယ်သမားများအား စိုက်ပျိုးရေးဦးဌာန စိုက်ပျိုးရေးပညာရှင်များက Face book ကွန်ရက်မှ live လွှင့်ဆွေးနွေးခြင်း ဆောင်ရွက် လျက်ရှိ ကြောင်း တိုင်းဒေသကြီးဦးစီးမှူး ဦးဝင်းလှိုင်ဦး ထံမှသိရသည်။
တောင်သူလယ်သမား များ၏ ဖုန်း /ဗိုက်ဗာ /မက်ဆင်ဂျာ တို့ဖြင့် ဆက်သွယ် မေးမြန်းမှုကို သက်ဆိုင်ရာ နည်းပညာ ပြန့်ပွားရေး KC စင်တာများတွင် အခြေစိုက် တာဝန် ထမ်းဆောင် နေကြသည့် စိုက်ပျိုးရေး ပညာရှင်ဝန်ထမ်းများ က ဖြေကြားခြင်း ၊ လိုအပ်ပါက စိုက်ကွင်း အတွင်း ချက်ချင်းကွင်းဆင်း စစ်ဆေး ပေးခြင်း တို့ကို လုပ်ဆောင်ပေးလျက်ရှိကြောင်း စစ်ကိုင်းတိုင်း ဒေသကြီး စိုက်ပျိုးရေးဦးဌာန တိုင်းဒေသကြီးဦးစီးမှူး က ပြောသည်။
စိုက်ပျိုးရေးဦးဌာန ညွှန်ကြားရေးမှုးချုပ် က တောင်သူများ၏ အခက်အခဲများ နှင့် သိရှိလိုသည်များကို ရုံးချုပ် Call Center မှ ဖြေကြားပေးနေခြင်း သာမက ဒေသ၏ လတ်တလော လိုအပ်ချက်များကို ထိရောက် ကျယ်ပြန့်စွာ ဝန်ဆောင်မှုပေးနိုင်စေရန် ကျေးရွာ အခြေစိုက် နည်းပညာပေးစင်တာများ တွင်လည်း စိုက်ပျိုးရေး ပညာရှင် ဝန်ထမ်းများ က တောင်သူများကို အနီးကပ် ကူညီဆောင်ရွက် ပေးရန် လမ်းညွှန်ထားကြောင်း၊ စိုက်ပျိုးရေးနည်းပညာ ပြန့်ပွားရေး KC စင်တာများတည်ရှိရာ နယ်မြေအတွင်း ရာသီ အချိန်မီ လုပ်ဆောင် ရန်လုပ်ငန်းစဉ်များ၊ ပိုးမွှားကာကွယ်ရေး လုပ်ငန်းစဉ်များ ကို E-media နည်းလမ်းများ အသုံးပြု၍ စိုက်ပျိုးနည်း ပညာပေး လုပ်ငန်းများ နိုင်ငံအဝှန်းပိုမို ထိရောက်စွာ ကျယ်ကျယ်ပြန့်ပြန့် လုပ်ဆောင်သွားရန် စီမံဆောင်ရွက် ထားရှိကြောင်း သတင်းရရှိသည်။