သတင်းကဏ္ဍ ဦးစီးဌာနသတင်းများ

“စိုက်ပျိုးမွေးမြူရေးကဏ္ဍတွင် အစားအစာဘေးအန္တရာယ်ကင်းရှင်းရေးအတွက် လမ်းပြမြေပုံ ရေးဆွဲ အကောင်အထည်ဖော်ဆောင်ရွက်ရေးဆိုင်ရာ ပထမအကြိမ် အလုပ်ရုံဆွေးနွေးပွဲကျင်းပ

“စိုက်ပျိုးမွေးမြူရေးကဏ္ဍတွင် အစားအစာဘေးအန္တရာယ်ကင်းရှင်းရေး အတွက် လမ်းပြမြေပုံရေးဆွဲ အကောင်အထည်ဖော်ဆောင်ရွက်ရေးဆိုင်ရာ ပထမအကြိမ် အလုပ်ရုံ ဆွေးနွေးပွဲ ကို မတ်လ ၆ ရက် နံနက်ပိုင်းက နေပြည်တော် ဂရမ်းအမရာဟိုတယ် ၌ ကျင်းပရာ အခမ်းအနားသို့ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ အမြဲတမ်းအတွင်းဝန် ဦးကျော်မင်းဦး ၊ စီမံကိန်းဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးကျော်ဆွေလင်း နှင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ GIZ မှ SAFI (ဆာဖိ) စီမံကိန်း၏ Head of Project, Mr. Peter Hinn ၊ Consultant  Mr.Alain Peyre နှင့် GIZ မှ တာဝန်ရှိသူများ၊ ဆက်စပ် ဝန်ကြီးဌာနများမှ ကိုယ်စားလှယ်များ၊ ရန်ကုန်မြို့တော်၊ မန္တလေးမြို့တော်နှင့် နေပြည်တော်စည်ပင်သာယာရေး ကော်မတီတို့မှ ကိုယ်စားလှယ်များ၊ ဒေသဆိုင်ရာ စိုက်ပျိုးရေးအကြံပေးများ၊ပုဂ္ဂလိကအဖွဲ့အစည်းများ၊INGOs အဖွဲ့များတက်ရောက် ဆွေးနွေး ကြသည်။

စိုက်ပျိုးရေး၊မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန က ရေးဆွဲအကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည့် မြန်မာ့စိုက်ပျိုးရေး ဖွံ့ဖြိုးတိုးတက်မှု မဟာဗျူဟာ(ADS) တွင်   စျေးကွက်အချိတ်အဆက်များနှင့်ယှဉ်ပြိုင်နိုင်စွမ်းအားမဏ္ဍိုင်လည်း တစ်ခုအပါအဝင်ဖြစ်ရာ  စားသောက်ကုန် အရည်အသွေးနှင့် ဘေးကင်းစိတ်ချမှုရရှိစေရေး ဆောင်ရွက်ရန် လိုအပ်နေ သည့် အစားအစာဘေးအန္တရာယ်ကင်းရှင်းရေးဆိုင်ရာ လမ်းပြမြေပုံတစ်ခုရေးဆွဲပြဌာန်း နိုင်ရေးအတွက် ကဏ္ဍပေါင်းစုံက သက်ဆိုင်သူများ၏ ဆွေးနွေးမှုများ၊ ဝေဖန် အကြံပြုချက် များ စုစည်းနိုင်ရေးအတွက် စိုက်ပျိုးမွေးမြူရေးကဏ္ဍတွင် အစားအစာဘေးအန္တရာယ် ကင်းရှင်းရေး အတွက် လမ်းပြမြေပုံရေးဆွဲ အကောင်အထည်ဖော်ဆောင်ရွက်ရေးဆိုင်ရာ ပထမအကြိမ် အလုပ်ရုံ ဆွေးနွေးပွဲ ကို ကျင်းပခြင်းဖြစ်သည်။စိုက်ပျိုးရေး၊ မွေးမြူရေး နှင့် ဆည်မြောင်းဝန်ကြီးဌာန က ဆောင်ရွက်လျက်ရှိသော ရေရှည်စိုက်ပျိုးရေး ဖွံ့ဖြိုးတိုးတက်မှုနှင့် အစားအစာအရည်အသွေး ပြည့်မီရေးစီမံကိန်း (SAFI)တွင် မြန်မာနိုင်ငံ ၏ စိုက်ပျိုးရေးထွက်ကုန်ပစ္စည်းများကို ဈေးကွက် လိုအပ်ချက်နှင့် အညီ အရည်အသွေး ပြည့်မီစေရန်၊ ဘေးကင်းပြီးအရည် အသွေးပြည့်မီသော အစားအစာ များကို ပြည်တွင်း ဈေးကွက်သာမက အာဆီယံ၊ အာရှ၊ ဥရောပ နှင့် ကမ္ဘာ့စျေးကွက် အထိတင်ပို့ ရောင်းချနိုင် စေရန် ဂျာမနီဖွံ့ဖြိုးရေးအေဂျင်စီ GIZ က နည်းပညာ အထောက် အပံ့များ၊ သင်တန်းများ ဆောင်ရွက်ပေးလျက်ရှိကြောင်း၊ ရေဆင်းစိုက်ပျိုးရေးတက္ကသိုလ် နှင့် စိုက်ပျိုးရေးသိပ္ပံကျောင်းများ ၏ သင်ရိုး ညွှန်းတမ်းများတွင် Food safety quality Module ထည့်သွင်းရေးဆွဲနိုင်ရေး ဆောင်ရွက်ပေးခြင်းအပြင် စိုက်ပျိုးမွေးမြူရေးကဏ္ဍ အတွက် Food Safety Roadmap ရေးဆွဲရေး လုပ်ငန်းစဉ်များကိုလည်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန က ရေးဆွဲထုတ်ပြန်မည့် National Food Safety Policy မူဘောင်နဲ့ အညီ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။