ပြည်ထောင်စုအဆင့်သတင်း

အနောက်ပိုင်းဒေသများ စိုက်ပျိုးစီးပွားဖွံ့ဖြိုးတိုးတက်ရေးစီမံကိန်း အမျိုးသားအဆင့်စီမံကိန်းဦးဆောင်ကော်မတီ- NPSC အစည်းအဝေး ကျင်းပ

ချင်းပြည်နယ် တောင်ပိုင်း နှင့် မကွေးတိုင်း​ဒေသကြီး မြောက်ပိုင်း တို့တွင် မိသားစု ဝင်ငွေတိုးပွားစေရေး ၊ စားနပ်ရိက္ခာ ဖူလုံစေရေး ၊ အလုပ်အကိုင် အခွင့် အလမ်းများ တိုးတက်ရရှိစေရေး၊ အာဟာရပြည့်ဝ စေရေး နှင့် ရာသီဥတုပြောင်းလဲမှုကို တုံ့ပြန်နိုင် စွမ်းအားကောင်းမွန်လာ​စေရေး၊ လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်လာစေရေး တို့ကို ရည်ရွယ်၍ အပြည်ပြည်ဆိုင်ရာ စိုက်ပျိုး‌ရေးဖွံ့ဖြိုးတိုးတက်မှုရန်ပုံငွေအဖွဲ့ (International Fund for Agricultural Deve lopment-IFAD) ချေးငွေ၊ ထောက်ပံ့ငွေ အမေရိကန် ဒေါ်လာ(၂၀.၂၅၇)သန်းဖြင့် (၆)နှစ်ကြာ အကောင်အထည်ဖော် ဆောင်ရွက် မည့် အနောက်ပိုင်းဒေသများ စိုက်ပျိုးစီးပွားဖွံ့ဖြိုးတိုးတက်ရေး စီမံကိန်း အမျိုးသား အဆင့် စီမံကိန်းဦးဆောင်ကော်မတီ-NPSC အစည်းအဝေး ကို ဖေဖေါ်ဝါရီလ ၆  ရက် နံနက်ပိုင်းက နေပြည်တော် ရုံးအမှတ်၁၅ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ရာ အခမ်းအနားသို့ စီမံကိန်းဦးဆောင်ကော်မတီ ဥက္ကဌ ၊ ဒုတိယဝန်ကြီး ဦးလှကျော် တက်ရောက်၍ အဖွင့်အမှာစကားပြောကြားသည်။

အစည်းအဝေးသို့ စိုက်ပျိုးရေး၊မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန နှင့် စီမံကိန်း၊ဘဏ္ဍာရေးနှင့်စက်မှုဝန်ကြီးဌာန တို့မှ အမြဲတမ်းအတွင်းဝန်များ ၊ ညွှန်ကြား ရေးမှူးချုပ်များ နှင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ အပြည်ပြည်ဆိုင်ရာ စိုက်ပျိုး‌ရေးဖွံ့ဖြိုးတိုးတက်မှုရန်ပုံငွေအဖွဲ့ (International Fund for Agricultural Deve lopment-IFAD)မှ တာဝန်ရှိသူများ တက်ရောက်ကြဆွေးနွေးကြသည်။

         အစည်းအဝေးတွင် စီမံကိန်းဦးဆောင်ကော်မတီ ဥက္ကဌ ၊ ဒုတိယဝန်ကြီး ဦးလှကျော် က အဖွင့်အမှာစကားပြောကြားရာတွင် စီမံကိန်းကို အောင်မြင်စွာ အကောင် အထည်ဖော်ဆောင်ရွက်နိုင်ရန် Integrated ပုံစံဖြင့် ပုံဖော်ဆောင်ရွက်ရမည်  ဖြစ် ဌာနအချင်းချင်း ပေါင်းစပ်ညှိနှိုင်းမှု သည် အရေးကြီးကြောင်း။ ကျေးလက်ဒေသများ တစ်ပြိုင်တည်း ဖွံ့ဖြိုးလာရေးအတွက် နိုင်ငံတော်၏ ဖွံ့ဖြိုးရေး ရန်ပုံငွေများဖြင့် အကောင်အထည်ဖော်ဆောင်ရွက်ရှိသကဲ့သို့  ဖွံ့ဖြိုးမှု မိတ်ဘက်အဖွဲ့ အစည်းများ ၏ အထောက် အပံ့များ ၊ ချေးငွေများဖြင့်လည်း ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေး လုပ်ငန်းများ အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိရာ စီမံကိန်း လုပ်ငန်းများ၏ မူလမျှော် မှန်းချက် ရည်ရွယ်ချက်များ ပြည့်ဝစွာ အောင်မြင်မှုရရှိစေရန် သက်ဆိုင်သူ အားလုံးတို့က တက်ကြွစွာပူးပေါင်းဆောင်ရွက်ကြစေ လိုကြောင်းပြောကြားသည်။

ယင်းစီမံကိန်းတွင် ဆည်မြောင်းပြုပြင်ထိန်းသိမ်းခြင်းလုပ်ငန်းများ၊ လယ်ယာမြေ ဖော်ထုတ်ခြင်းလုပ်ငန်းများ၊ ကုန်ထုတ်လမ်းနှင့် ရေပေးရေးနှင့် မီးလင်းရေးစသည့် ထုတ်လုပ်မှု နှင့် လူမှုရေးဆိုင်ရာအခြေခံအ‌ဆောက် အအုံများ၊ Knowledge Center များ ထူထောင်ခြင်းနှင့် နည်းပညာပံ့ပိုးခြင်းစသည့် စိုက်ပျိုးရေးဆိုင်ရာ ဝန်ဆောင်မှု လုပ်ငန်းများ၊ လုပ်ကွက်ငယ်တောင်သူများ၊ မွေးမြူရေးလုပ်ကိုင်သူများနှင့် မြေယာမဲ့များ အား ငွေကြေးအရင်းအနှီးရရှိရေး ဆောင်ရွက်ပေးခြင်း၊ ငွေစုငွေချေးလုပ်ငန်းများ ဆောင်ရွက်ပေးခြင်းစသည့် ငွေကြေးဆိုင်ရာ ဝန်ဆောင်မှု လုပ်ငန်းများပါဝင် မည်ဖြစ် ဖြစ်ကြောင်း သိရှိရသည်။