ကြော်ငြာနှင့်နှိုးဆော်ချက်များ

ကြံစိုက်တောင်သူများ ယခုကာလ အပင်ပြုစုခြင်းလုပ်ငန်းများ ဆောင်ရွက်ရန် နှိုးဆော်ချက်

(က)​ခြောက်သွေ့ရာသီ ရောက်ပြီဖြစ်ပါသဖြင့် ဖြည့်စွက်ရေကို အနည်းဆုံး၂ ကြိမ်သွင်းပေး ရန်၊ သွင်းရေအခက်အခဲရှိသော​ ဒေသများတွင် ရေကိုချွေတာစေပြီး ထိရောက်သည့် အစက်ချရေသွင်းနည်းစနစ်(Drip Irrigation) ဖြင့် ဆောင်ရွက်ရန်၊

( ခ)​ရေသွင်းရန် အခြေအနေလုံးဝမပေးသည့် ဒေသများတွင် အပင်ကြီးထွားမှုကို လှုံ့ဆော် ပေးသော ဟော်မုန်းနှင့်ဓါတုဆေးများကို ပက်ဖြန်းပေးရန်။ ၄၀% Ethephon ၅ml/ ရေ ၄ ဂါလံနှုန်း (ဆေးဖြန်းပုံးတစ်ပုံးလျှင်ဆေးရည်လက်ဖက် စားဇွန်း တစ်ဇွန်းခွဲနှုန်း) ဖြင့် ဖျော်ပြီး ဖျော်ရည်ကို ကြံပင်အား ပက်ဖြန်းပေးရန် (သို့မဟုတ်) ၂.၅% N:K ယူရီးယား နှင့်ပိုတက်မြေသြဇာများ ဟင်းစားဇွန်း (၁၀) ဇွန်းစီကိုရေ(၄)ဂါလံဆေးဖျန်းပုံးတွင် ရောစပ်ဖျော်၍ ရွက်ဖြန်းမြေသြဇာရည်ကို တစ်လတစ်ကြိမ် ပက်ဖြန်းပေးရန်၊

( ဂ)​ရေသွင်းပြီးပါက ယူရီးယားမြေသြဇာနှင့် သဘာဝမြေသြဇာကို တွဲဖက်အသုံး ပြုရန်၊ တစ်ဧကလျှင်ပိုတက်မြေသြဇာ ၂၅ Kg နှင့်ယူရီးယားမြေသြဇာ ၅၀ Kg တစ်အိတ်ကို ရောပြီးကျွေးရန်၊

(ဃ)​ကြံပင်သက်တမ်းရက် ၁၂၀ အတွင်း ပေါင်းမြက်ရှင်းလင်းပေးရန်၊ (ဥပမာ- ယုန်မတိုး (ထိကရုန်းကြီး) ပေါင်းပင်ငယ်များအား လူအားဖြင့် ရှင်းလင်းခြင်း(သို့မဟုတ်) တော့-ပီကြူ ၂၇၆ အက်စ်အယ် ပေါင်းသတ်ဆေးကို ရေ ၄ ဂါလံဝင် ဆေးဖျန်းပုံးတွင် (၁၀၀-၁၅၀) စီစီနှုန်း ပက်ဖြန်းပေးရန်၊ ကြံပင်များကို ဆေးမထိရန် အထူးဂရုပြုရန်၊

( င)​မိုးဦးကျပါက တစ်ဧကလျှင်ယူရီးယားမြေသြဇာ ၅၀Kg တစ်အိတ်ကျွေးပြီး ဘောင်ကြီး လုံးခြင်းကို မဖြစ်မနေ ဆောင်ရွက်ရန်၊

( စ)​ရေဝပ်ဒေသများတွင် ရေဝပ်ဒဏ်ခံနိုင်ရန်အတွက် ဘောင်ကြီးကြီးလုံးပေးရန်၊

(ဆ)​ယူရီးယားကို ကြံပင်သက်တမ်းရက် ၁၆၀ နောက်ပိုင်းတွင် လုံးဝမကျွေးရန်၊

( ဇ)​မိုးများဒေသများတွင် ရေထုတ်ပေးရန်လိုသည်၊ ရေထုတ်မြောင်းများကို ကြိုတင် ဆောင်ရွက်ထားရန် လိုအပ်ပြီး ရေစီးဆင်းမှုကောင်းအောင် ဆောင်ရွက်ရန်၊

(စျ)​ရောဂါ၊ ပိုးမွှားကျရောက်မှု ရှိ/မရှိ စစ်ဆေး၍ လိုအပ်ပါက ဓါတုဆေးအသုံးပြုခြင်း၊ ရောဂါကျအပင်များ နှုတ်ယူ မီးရှို့ခြင်းများ ဆောင်ရွက်ရန်၊ ပိုးမွှား၊ ရောဂါကျရောက်မှု လက္ခဏာများတွေ့ရှိပါက သကြားထွက်သီးနှံဌာနခွဲနှင့် ဆက်သွယ်ဆောင်ရွက်ပါရန်၊