၁။ စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်၊ ဝက်လက်မြို့နယ်၊ စိုင်နိုင်ကြီးအထွက်တိုးစခန်းတွင် တည်ဆောက်လျက်ရှိသည့် စပါးမျိုးစေ့သန့်စင်စက်နှင့်အခြောက်ခံစက် တည်ဆောက်တပ်ဆင် ခြင်းလုပ်ငန်းများ ပြီးစီးပါက Public Private Partnership (PPP) အစီအစဉ်အရ ပုဂ္ဂလိက အသင်း အဖွဲ့တစ်ခုမှ ဦးဆောင်ကြီးကြပ်၍ မျိုးစေ့စိုက်ပျိုးထုတ်လုပ်သူများထံမှ စီးပွားဖြစ် မျိုးသန့်မျိုးစေ့ များကို အခြောက်ခံခြင်း၊ သန့်စင်ခြင်း၊ သိုလှောင်ခြင်း၊ စနစ်တကျ ဖြန့်ဖြူး ရောင်းချခြင်းစသည့် လုပ်ငန်းစဉ်များကို လည်ပတ်လုပ်ကိုင်ဆောင်ရွက်သွားစေရန် စီမံ ဆောင်ရွက်လျက်ရှိပါသည်။
၂။ သို့ဖြစ်ပါ၍ အဆိုပါလုပ်ငန်းအား စိတ်ပါဝင်စားသည့် ပုဂ္ဂလိကအသင်းအဖွဲ့များအနေဖြင့် လျှောက်လွှာပေးပို့ ယှဉ်ပြိုင်အရွေးခံနိုင်ပါကြောင်းနှင့် အောက်ဖော်ပြပါ အရည်အချင်း သတ်မှတ်ချက်များနှင့် ကိုက်ညီရန် လိုအပ်ပါကြောင်း ဖော်ပြအပ်ပါသည် –
အသင်းအဖွဲ့သည် –
(က) စစ်ကိုင်းတိုင်းဒေသကြီးအတွင်းအခြေစိုက်ပြီး၊ ရွှေဘိုဧရိယာတွင် ဆန်စပါးလုပ်ငန်း လုပ်ကိုင်နေသည့် အသင်းအဖွဲ့ ဖြစ်ရမည်။
( ခ) အဆိုပါလုပ်ငန်း ရေရှည်တည်တံ့စေရန်အတွက် ရင်းနှီးမြှုပ်နှံနိုင်မည့် ငွေကြေးဓန အင်အားရှိရမည်။
( ဂ) မျိုးစေ့သန့်စင်စက် ကိုင်တွယ်ခြင်း၊ ပြုပြင်ထိန်းသိမ်းခြင်းလုပ်ငန်းတို့တွင် အတွေ့ အကြုံရှိရမည်ဖြစ်ပြီး၊ ၎င်းစက်ပစ္စည်းများကို ကျွမ်းကျင်စွာကိုင်တွယ်ထိန်းသိမ်းနိုင် သည့် အင်ဂျင်နီယာရှိရမည်။
(ဃ) စပါးသီးနှံ စီးပွားဖြစ်မျိုးသန့်မျိုးစေ့(C.S)ထုတ်လုပ်ရေးလုပ်ငန်းနှင့်စပ်လျဉ်း၍ လုပ်ငန်း အတွေ့အကြုံ အနည်းဆုံး (၅)နှစ်ရှိရမည်။
( င) ပုဂ္ဂလိကကုမ္ပဏီမဖြစ်စေရ။
( စ) အဆိုပါလုပ်ငန်းကို ဆောင်ရွက်ခြင်းဖြင့် တိုင်းဒေသကြီးအတွင်းနှင့် နိုင်ငံအဝှမ်းရှိ တောင်သူလယ်သမားများ ဘဝဖွံ့ဖြိုးတိုးတက်စေရန်ဟူသည့် ရည်ရွယ်ချက်ထားရှိ ဆောင်ရွက်နေသော အသင်းအဖွဲ့ဖြစ်ရမည်။
၃။ လျှောက်လွှာပုံစံအား www.myanmarseedportal.com တွင် download ရယူရန်(သို့) Hot line နံပါတ် ၀၁-၂၃၉၉၅၅၅ နှင့် ၀၆၇-၃-၄၁၀၃၈၅ သို့ ဆက်သွယ် ရယူနိုင်ပါကြောင်းနှင့် လျှောက်လွှာများကို (၈-၅-၂၀၂၀)ရက်နေ့ နောက်ဆုံးထား၍ စိုက်ပျိုးရေးဦးစီးဌာန(ရုံးချုပ်)၊ ရုံးအမှတ်(၁၅)၊ နေပြည်တော်သို့ ပေးပို့ပါရန် အသိပေးအပ်ပါသည်။
စိုက်ပျိုးရေးဦးစီးဌာန