ပြည်ထောင်စုအဆင့်သတင်း သတင်းကဏ္ဍ

ဒေသငါးမျိုးများ မျိုးသုဉ်းခြင်းမှ ကာကွယ်နိုင်ရန် နှင့် စီးပွားဖြစ်မျိုးသစ်များ ဖော်ထုတ်ပွားများဖြန့်ဖြူးပေးနိုင်ရေး ကြိုးပမ်း

ပြည်ထောင်စုဝန်ကြီး ဒေါက်တာအောင်သူ သည် ဌာနဆိုင်ရာတာဝန်ရှိ သူများလိုက်ပါလျက် စက်တင်ဘာလ ၁၅ ရက်နေ့ နေ့လယ်ပိုင်းက မန္တလေးတိုင်းဒေသကြီး အောင်မြေသာဇံ မြို့နယ် သရက်ကုန်း ငါးလုပ်ငန်းစခန်းရှိ ရေချိုးငါးမွေးမြူရေးသုတေသနနှင့် တိုးချဲ့ ပညာပေးရေး ဗဟိုဌာန သို့ရောက်ရှိကြပြီး ငါးသုတေသန လုပ်ငန်းဆောင်ရွက်ချက်များအား ကြည့်ရှုစစ်ဆေးရာ ငါးလုပ်ငန်းဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးခင်မောင်မော် နှင့် သုတေသနပညာရှင်များက ရှင်းလင်းတင်ပြကြသည်။

          တင်ပြချက်များအပေါ် ပြည်ထောင်စုဝန်ကြီးကဆွေးနွေးမှာကြားရာ၌ ငါးကဏ္ဍဖွံ့ဖြိုး ရေးအတွက် သုတေသနလုပ်ငန်း က အရေးပါသော အခန်းကဏ္ဍမှ ပါဝင်နေကြောင်း၊ ငါးသုတေသနတွေ့ရှိချက်အဖြေတစ်ချက်သည် ငါးလုပ်ငန်းနှင့်ဆက်နွယ်သူအားလုံးတို့၏ အကျိုးစီးပွားကို များစွာ အထောက်အကူပြုစေနိုင်ကြောင်း၊ ဒေသငါးမျိုးများ မျိုးသုဉ်းခြင်းမှ ကာကွယ်နိုင်ရန် နှင့် စီးပွားဖြစ်မျိုးသစ်များ ဖော်ထုတ်ပွားများဖြန့်ဖြူးပေးနိုင်ရေး ကြိုးပမ်း ပေးကြရန်နှင့် ငါးကဏ္ဍဖွံ့ဖြိုးလာရေးအတွက် ကြိုးပမ်းကြစေလိုကြောင်း ဆွေးနွေး ပြောကြားသည်။