ရိတ်သိမ်းချိန်လွန်နည်းပညာ(TOT)သင်တန်းအမှတ်စဉ်(၃/၂၀၁၉) ဝန်ထမ်း(၅)ရက် သင်တန်းဖွင့်ပွဲ အခမ်းအနားကို နိုဝင်ဘာလ (၄)ရက်နေ့ နံနက်(၉)နာရီ အချိန် က မန္တလေးတိုင်း ဒေသကြီး၊ ထုံးဘိုရိတ်သိမ်း ချိန်လွန်နည်းပညာ သင်တန်း ကျောင်း၌ ကျင်းပရာ အခမ်းအနားတွင် မန္တလေးတိုင်းဒေသကြီး၊ စိုက်ပျိုးရေးဦးစီးဌာန၊ ဒုတိယတိုင်းဒေသကြီး ဦးစီးမှူး ဒေါ်လွင်လွင်ထွန်း နှင့် ကျောင်းအုပ်ဆရာကြီး ဦးမင်းထိန်ဝင်း တို့က သင်တန်း အဖွင့်အမှာစကား ပြောကြားကြသည်။
အခမ်းအနားသို့ သင်တန်းဆရာ/ဆရာမများနှင့် တိုင်းဒေသကြီးနှင့်ပြည်နယ် အသီး သီးမှ သင်တန်းသူ/သား(၃၀)ဦး တက်ရောက်ကြပြီး သင်တန်းကာလမှာ နိုဝင်ဘာလ(၄)ရက်နေ့ မှ (၈)ရက်နေ့အထိ (၅)ရက် ကြာမြင့်မည်ဖြစ်သည်။
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန၊ စိုက်ပျိုးရေးဦးစီးဌာန၊ ထုံးဘို၊ ရိတ်သိမ်းချိန်လွန်နည်းပညာသင်တန်းကျောင်း မှ နည်းပညာသင်တန်းများကို စဉ်ဆက် မပြတ် ဖွင့်လှစ်ပို့ချပေးလျှက်ရှိရာ ၂၀၁၄-၂၀၁၅ခုနှစ်မှ ယနေ့အထိ သင်တန်း စုစုပေါင်း(၁၂၈)ကြိမ်၊ တောင်သူပေါင်း(၁၆၀၆)ဦး၊ ဝန်ထမ်းပေါင်း(၂၄၅၃)ဦး၊ သင်တန်းသား ဦးရေ စုစုပေါင်း(၄၀၅၉)ဦး တို့ အား နည်းပညာများဖြန့်ဖြူးပေးခဲ့ပြီး
ရိတ်သိမ်းချိန်လွန် နည်းပညာ(TOT) သင်တန်း တက်ရောက်ခဲ့ပြီးသော ဝန်ထမ်းများမှ မိမိတို့တာဝန်ကျရာ ဒေသများတွင် ဆင့်ပွားသင်တန်းများ ပြန်လည်ပြုလုပ်သည့် ဆင့်ပွားသင်တန်းအကြိမ်ပေါင်း (၃၉၄)ကြိမ်၊ တောင်သူပေါင်း(၇၉၃၈)ဦး၊ ဝန်ထမ်းပေါင်း(၅၁၅၂)ဦး၊ စုစုပေါင်း(၁၃၀၉၀)ဦး တို့အား ရိတ်သိမ်းချိန်လွန်နည်းပညာများ ဖြန့်ဝေ ပေးနိုင်ခဲ့ပြီးဖြစ်ကြောင်း သတင်းရရှိသည်။