ပြည်ထောင်စုအဆင့်သတင်း သတင်းကဏ္ဍ

 တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ရေအရင်းအမြစ်ဝန်ကြီးဌာန၊ ဝန်ကြီး  ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့အား တွေ့ဆုံ ။

 

     စိုက်ပျိုးရေး၊မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ အောင်သူ သည် အမြဲတမ်းအတွင်းဝန်များ၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဌာနဆိုင်ရာ တာဝန်ရှိ သူများ နှင့်အတူ နိုဝင်ဘာလ(၅)ရက်နေ့ ညနေ (၄)နာရီအချိန် တွင် တရုတ်ပြည်သူ့ သမ္မတ နိုင်ငံ ရေအရင်းအမြစ်ဝန်ကြီးဌာန ဝန်ကြီး  H.E. E Jing Ping ဦးဆောင်သည့် ကိုယ်စား လှယ် အဖွဲ့ အား ပြည်ထောင်စုဝန်ကြီး ၏ ဧည့် ခန်းမဆောင်၌ တွေ့ဆုံ၍ မြန်မာနိုင်ငံ၏ လယ်ယာ ကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးအတွက် မြန်မာ-တရုတ် နှစ်နိုင်ငံအကြား ပူးပေါင်း ဆောင်ရွက်လျက်ရှိသော စီမံကိန်း လုပ်ငန်း ဆိုင်ရာ များအား ရင်းနှီး ပွင့်လင်းစွာ ဆွေးနွေးခဲ့ကြသည်။

        ထိုသို့တွေ့ဆုံဆွေးနွေးရာတွင်  တရုတ် ပြည်သူ့ သမ္မတနိုင်ငံအတွင်း ရေအရင်း အမြစ် စီမံခန့်ခွဲမှုဆိုင်ရာအတွေ့အကြုံများ၊ မြန်မာ နိုင်ငံ အတွင်း ရေကြီး ရေလျှံမှုဆိုင်ရာ စီမံ ခန့်ခွဲ နေမှုများကို အမြင်ချင်းဖလှယ်ခဲ့ကြပြီး  ဧရာဝတီမြစ် ရေဘေးကာကွယ်ရေး တာ နှင့် ငဝန်မြစ် ရေဘေးကာကွယ်ရေး တာများ၏ အဆင့်မြှင့်တင်ပြုပြင်ခြင်း စီမံကိန်းလုပ်ငန်း အကောင် အထည်ဖော် ဆောင်ရွက် နိုင်ရေး ဆိုင်ရာ ကိစ္စရပ်များကို လည်းကောင်း၊ စပါး အဓိက စိုက်ပျိုးထုတ်လုပ်သော ဒေသများ အတွင်း ဆည်မြောင်း စနစ်များဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ ကိစ္စရပ်များကိုလည်းကောင်း ဆွေးနွေးကြကြောင်း သတင်းရရှိသည်။