မန္တလေးတိုင်းဒေသကြီးအတွင်းရှိ တောင်သူများ၊ ပိုးသတ်ဆေးရောင်းချသူများ၊ ပိုးသတ် ဆေးကုမ္ပဏီမှ ဝန်ထမ်းများအပါအဝင် ပိုးသတ်ဆေးများကို ထိတွေ့ကိုင်တွယ် အသုံးပြုနေသူ များ ဘေးအန္တရာယ်ကင်းရှင်းစွာ အသုံးချနိုင်ရေး နှင့် ပိုးသတ်ဆေးဆိုင်ရာ ဥပဒေများနှင့် အညီ သိုလှောင် ရောင်းချနိုင်စေရေးအတွက် (၂၇) ကြိမ်မြောက် လက်မှတ်ရပိုးသတ်ဆေး သုံးစွဲသူများသင်တန်းကို အောက်တိုဘာလ (၃) ရက်နေ့မှ(၅)ရက်နေ့အထိဖွင့်လှစ်ပို့ချခဲ့ကြောင်းသိရသည်။
အဆိုပါသင်တန်းဆင်းပွဲ တွင် မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးကျော်ကျော်မင်း တက်ရောက်အမှာစကားပြောကြားပြီး သင်းတန်းဆင်းလက်မှတ်များပေးအပ်ခဲ့ကြောင်း ၊ သင်တန်းတွင် စိုက်ပျိုးရေးဦးစီးဌာန ပညာရှင်များက ပိုးသတ်ဆေးဆိုင်ရာနည်းပညာရပ်များ၊ ပိုးသတ်ဆေး ဥပဒေ နည်းဥပဒေ ဆိုင်ရာဗဟုသုတများ နှင့် လိုက်နာဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များကို ပို့ချဆွေးနွေးခဲ့ကြပြီး သင်တန်းသား(၁၂၇)ဦး တက်ရောက်ခဲ့ကြကြောင်း သိရှိရသည်။
မန္တလေးတိုင်းဒေသကြီး အတွင်း ပိုးသတ်ဆေး လက်လီ လက်ကား ရောင်းချသည့် ဆိုင်ပေါင်း (၇၉၆)ဆိုင်ရှိကာ အဆိုပါဆိုင်များအနေဖြင့်တောင်သူလယ်သမားများ ပိုးသတ် ဆေးများ ဝယ်ယူသုံးစွဲရာတွင် အရည်အသွေးကောင်းမွန်ပြီး အာနိသင်ပြည့်ဝသော ပိုးသတ်ဆေး များကို သုံးစွဲနိုင်စေရေး၊ စစ်မှန်ပြီး အရည်အသွေးပြည့်ဝသော ပိုးသတ်ဆေးများ ကိုသာ ရောင်းချပေးရေး၊ ပိုးသတ်ဆေးဆိုင်ရာ ဥပဒေ၊နည်းဥပဒေများ တိကျစွာလိုက်နာဆောင်ရွက်ရေး အတွက် စိုက်ပျိုးရေးဦးစီးဌာန က လိုအပ်သော အသိပေးချက်များ ဆောင်ရွက်ထားပြီး ဖြစ်ကြောင်း၊ (၂၆) ကြိမ်မြောက် လက်မှတ်ရပိုးသတ်ဆေး သုံးစွဲသူများ သင်တန်းပြီးဆုံး ချိန်အထိ သင်တန်းသူသင်တန်းသား(၃၂၀၀)ကျော် သင်တန်းဆင်းလက်မှတ်များထုတ်ပေးခဲ့ ပြီးဖြစ်၍ ယနေ့ကျင်းပသည့် သင်တန်းဆင်းပွဲ အထိ စုစုပေါင်းသင်တန်းသား(၃၄၀၀)ခန့်ကို ပိုးသတ်ဆေးဆိုင်ရာနည်းပညာရပ်များ၊ ပိုးသတ်ဆေး ဥပဒေ နည်းဥပဒေဆိုင်ရာဗဟုသုတများ ကို ဖြန့်ဝေပေးနိုင်ခြင်းဖြစ်ကြောင်းသတင်းရရှိသည်။