ပြည်ထောင်စုအဆင့်သတင်း သတင်းကဏ္ဍ

ပြည်ထောင်စုဝန်ကြီး  ဒေါက်တာအောင်သူ၊ သြစတြေးလျနိုင်ငံ သံအမတ်ကြီး နှင့်တွေ့ဆုံ

  

စိုက်ပျိုးရေး၊မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ အောင်သူ သည် အမြဲတမ်းအတွင်းဝန်များ၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဌာနဆိုင်ရာ တာဝန်ရှိ သူများနှင့်အတူ စက်တင်ဘာလ ၄ ရက်နေ့ နေ့လယ် ၂ နာရီက ပြည်ထောင်စုသမ္မတမြန်မာ နိုင်ငံဆိုင်ရာ သြစတြေးလျနိုင်ငံ သံအမတ်ကြီး H.E. Ms. Andrea Faulkner ဦးဆောင်သည့် အဖွဲ့အား ပြည်ထောင်စုဝန်ကြီးရုံး ဧည့်ခန်းမ၌ တွေ့ဆုံ၍

တိရစ္ဆာန်အာဟာရ၊ ကျန်းမာရေး နှင့် မွေးမြူရေးလုပ်ငန်းမှ တဆင့် ကျေးလက်နေ ပြည်သူများ၏ လူနေမှုဘဝမြှင့်တင်ရေး ဆိုင်ရာ စီမံကိန်းရေးဆွဲဆောင်ရွက်နေမှုဆိုင်ရာများ၊ စိုက်ပျိုးရေး ထွက်ကုန်များအား အပြည်ပြည်ဆိုင်ရာ စျေးကွက် လိုအပ်ချက် နှင့် ကိုက်ညီမှုရှိသော စံနှုန်းများနှင့်အညီ စစ်ဆေးနိုင်သည့် ပစ္စည်းကိရိယာနှင့် နည်းပညာအကူအညီပေးရေးဆိုင်ရာ ကိစ္စရပ်များကို ဆွေးနွေးကြသည်။