သတင်းကဏ္ဍ ဦးစီးဌာနသတင်းများ

ချင်းတွင်းမြစ်ဝှမ်းဒေသများတွင် ရာသီဥတုဒဏ် ခံနိုင်ရည်ရှိသည့် စိုက်ပျိုးရေး၊ သစ်တောနှင့် မြေအသုံးချမှုစီမံကိန်း အကောင်အထည်ဖော်ဆောင်ရေး ပဏာမညှိနှိုင်း

 ကုလသမဂ္ဂ စားနပ်ရိက္ခာနှင့် စိုက်ပျိုးရေးအဖွဲ့ အစည်း (FAO) ၏ အထောက်အပံ့ဖြင့် ချင်းတွင်းမြစ်ဝှမ်း ဒေသများတွင် ရာသီဥတုဒဏ် ခံနိုင်ရည်ရှိသည့် စိုက်ပျိုးရေး၊ သစ်တော နှင့် မြေအသုံးချမှု (Climate Resilient Agriculture, Forestry and Land Use in Chindwin River Basin, CAFOLU- Chindwin) စီမံကိန်း အကောင်အထည် ဖော် ဆောင်ရွက် ရေးအတွက် သုတေသနလုပ်ငန်းများ ပူးပေါင်းဆောင်ရွက်ရန် Mr. Matthias Seebauer ဦးဆောင်သောအဖွဲ့သည် ၂၀၁၉ ခုနှစ်၊ ဒီဇင်ဘာလ (၂) ရက်နေ့၊ မွန်းလွဲပိုင်း က စိုက်ပျိုးရေး သုတေသနဦးစီးဌာနသို့ လာရောက်ခဲ့ရာ၊ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာ နိုင်ကြည်ဝင်း ဦးဆောင်သော သုတေသနပညာရှင်များက နဝရတ်အစည်းအဝေး ခန်းမ၌ လက်ခံတွေ့ဆုံခဲ့ပါသည်။

အဆိုပါ စီမံကိန်းသည် ချင်းတွင်းမြစ်ဝှမ်း ဒေသများတွင် စိုက်ပျိုးထုတ်လုပ်မှု နည်းပါး ခြင်းနှင့် ရာသီဥတုဒဏ် ခံနိုင်ရည် ရှိသော စိုက်ပျိုး ရေး၊ သစ်တောနှင့် မြေအသုံးချမှု ဆိုင်ရာ လုပ်ငန်းများတွင် အစိုးရနှင့် ပုဂ္ဂလိက ရင်းနှီးမြှုပ်နှံမှုများ တိုးမြှင့်နိုင်ရန်အတွင် အခြေ အနေကောင်းများ တည်ဆောက် နိုင်ရန် အတွက် ရည်ရွယ်၍ သုတေသနလုပ်ငန်းများ အဓိကဆောင်ရွက် သွားမည်ဖြစ်သည်။

ယနေ့ တွေ့ဆုံပွဲတွင် စီမံကိန်းလုပ်ငန်းများ အောင်မြင်စွာ အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေး အတွက် ဖြစ်နိုင်ချေရှိသည့် အခြေခံစစ်တမ်းများ ကောက်ယူကာ၊ သုတေသနလုပ်ငန်းများအား ချင်းတွင်းမြစ်ဝှမ်း ဒေသတစ်လျှောက်ရှိ တောင်သူများနှင့် ပူးပေါင်း ဆောင်ရွက်၍ တောင်သူများ၏ လူမှုစီးပွါးဘဝ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ရေရှည် တည်တံ့ သော ရာသီဥတုနှင့် လိုက်လျှောညီထွေသည့် ဘက်ပေါင်းစုံ ပေါင်းစည်း စိုက်ပျိုးရေးနှင့် သစ်တောစနစ် ထူထောင်ရေးအတွက် ဆောင်ရွက် သင့် သည် သုတေသနနှင့် နည်းပညာလုပ်ငန်းများ စီစဉ် ဆောင်ရွက် နိုင်ရေး အတွက် ပဏာမ ညှိနှိုင်းဆွေးနွေးခဲ့ကြကြောင်း သတင်းရရှိသည်။