ကြော်ငြာနှင့်နှိုးဆော်ချက်များ

အိမ်ခြံဝန်းအတွင်း တစ်ပိုင်တစ်နိုင်စိုက်ပျိုးနိုင်သည့် မှိုစိုက်ပျိုးရေးနှိုးဆော်ချက်

၁။      ပြည်သူများ မိမိတို့၏ အိမ်ခြံဝန်းအတွင်း အာဟာရပြည့်ဝ၍ အလွယ်တကူ စိုက်ပျိုးနိုင်သည့် မှိုသီးနှံ(ငွေနှင်းမှိုနှင့် ကြွက်နားရွက်မှို)တို့ကို မြေနေရာသီးသန့်မလိုဘဲ အိမ်ခြံဝန်း အတွင်း၌ စိုက်ပျိုးနိုင်ရန်အတွက် စိုက်ပျိုးရေးဦးစီးဌာန က မှိုမျိုးထုပ်များ ထုတ်လုပ်ဖြန့်ဖြူးပေးလျက် ရှိပါသည်။

၂။       ငွေနှင်းမှိုနှင့် ကြွက်နားရွက်မှိုတို့ကို မိမိတို့အိမ်၏ နေရောင်ခြည်တိုက်ရိုက်မထိသော၊ လေပြင်း မတိုက်ခတ်သော အစိုဓါတ်ရှိသည့် ရေချိုးခန်းနှင့်မီးဖိုခန်းတို့တွင်ထားရှိ၍ အလွယ်တကူစိုက်ပျိုးနိုင် ၍ စတင်စိုက်ပျိုးပြီး (၇-၁၀)ရက်အတွင်း ဆွတ်ခူးစားသုံးနိုင်ပါသည်။ မှိုမျိုးထုပ်တစ်ထုပ်လျှင် (၃-၄) ကြိမ်အထိဆွတ်ခူးနိုင်ပြီး တစ်ကြိမ်လျှင်အများဆုံး (၁၀)ကျပ်သားအထိ ထွက်ရှိနိုင်ပါသည်။

၃။      စိုက်ပျိုး ရေးဦးစီးဌာန၏ မှိုသုတေသနနှင့်မျိုးပွားခြံများတွင် ငွေနှင်းမှိုမျိုးထုပ်(၂၇၇၅၀)နှင့် ကြွက်နားရွက်မှို မျိုးထုပ်(၁၃၇၅၀)ခန့် ထုတ်လုပ်ထားရှိပြီးဖြစ်သဖြင့် မိမိတို့၏ အိမ်ခြံဝန်းအတွင်း စိုက်ပျိုးရန်အတွက် မှိုမျိုးထုပ်နှင့် နည်းပညာများလိုအပ်ပါက ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ (၉)မိုင်မှိုခြံ(ဖုန်း-၀၉၄၀၂၅၆၈၉၀၁)၊ ညောင်နှစ်ပင်မှိုခြံ (ဖုန်း- ၀၉၄၄၄၀၃၃၃၅၅)၊ ပဲခူးတိုင်း ဒေသကြီး အတွင်းရှိ (၁၀)မိုင် မှိုခြံ(ဖုန်း- ၀၉၄၂၀၁၇၇၁၁၅)၊ ကျောက်တိုင်မှိုခြံ (ဖုန်း- ၀၉ ၄၂၁ ၁၅၂၇၆၅)၊ မန္တလေးတိုင်း ဒေသကြီးအတွင်းရှိ ပြင်ဦးလွင်မှိုခြံ (ဖုန်း- ၀၉၄၂၆၆၅၉၇၃၅)တို့တွင် ဆက်သွယ်စုံစမ်း ဝယ်ယူစိုက်ပျိုးနိုင်ပါကြောင်း အသိပေးနှိုးဆော်အပ်ပါသည်။

စိုက်ပျိုးရေး၊မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန