ကြော်ငြာနှင့်နှိုးဆော်ချက်များ

သီးနှံအလိုက် မျိုးကောင်းမျိုးသန့်နှင့် စိုက်ပျိုးရေးနည်းပညာများ ရရှိနိုင်ရေး အတွက် အကူအညီများ တောင်းခံ ရယူ နိုင်ပါကြောင်း အသိပေး နှိုးဆော်ချက်

 ၁။      နိုင်ငံ၏အခြေခံစားနပ်ရိက္ခာဖြစ်သော ဆန်စပါး၊ ဆီထွက်သီးနှံနှင့် ပဲမျိုးစုံသီးနှံများ စိုက်ပျိုး ထုတ်လုပ်မှုမကျဆင်းစေရေး၊ အထွက်နှုန်းကောင်းမွန်ရေး၊ စျေးကွက်ခိုင်မာစွာ ရရှိရေးတို့အတွက် သီးနှံအလိုက် မျိုးကောင်းမျိုးသန့်ရရှိရေးနှင့် နည်းပညာအကူအညီ ရရှိရေးတို့ကို စိုက်ပျိုးရေး ဦးစီးဌာနမှ ကူညီချိတ်ဆက် ဆောင်ရွက်ပေးလျက်ရှိပါသည်။

၂။       ၂၀၁၉-၂၀၂၀ခုနှစ်တွင် နိုင်ငံအတွင်း စပါးတန်ချိန် (၂၆)သန်းကျော် စိုက်ပျိုးထုတ်လုပ်ထား ရှိခဲ့ပြီး၊ ပြည်တွင်းစားသုံးမှုလိုအပ်ချက်မှာ တစ်နှစ်လုံးအတွက် စပါးတန်ချိန်(၁၅)သန်းကျော်သာ ဖြစ်ပါသည်။ ထို့အပြင် ပြည်သူများနေ့စဉ်စားသုံးနေသည့် ငရုတ်၊ ကြက်သွန်နီ၊ ကြက်သွန်ဖြူနှင့် အာလူးစသည့် စားဖိုဆောင်သီးနှံများထုတ်လုပ်ထွက်ရှိမှုအနေဖြင့်လည်း ပြည်တွင်းစားသုံးမှု အတွက် လုံလောက်ရုံသာမက ပိုလျှံသည့်အခြေအနေတွင်ရှိပါသည်။

၃။     သီးနှံထုတ်လုပ်မှုစွမ်းအား တိုးတက်မြင့်မားစေရန်အတွက် တောင်သူလယ်သမား များအနေဖြင့် သီးနှံအလိုက် မျိုးကောင်းမျိုးသန့်နှင့် စိုက်ပျိုးရေးနည်းပညာများ ရရှိနိုင်ရေးအတွက် စိုက်ပျိုးရေးဦးစီးဌာန၊ ကျေးရွာအခြေစိုက်နည်းပညာပေးစင်တာများ၊ တိုင်းဒေသကြီး၊ ပြည်နယ်၊ ခရိုင်နှင့် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနရုံးများ၊ ဌာနပိုင်မျိုးစေ့ထုတ်ခြံများသို့ ဆက်သွယ်၍ အကူအညီများ တောင်းခံရယူနိုင်ပါကြောင်းနှင့် စိုက်ပျိုးရေးဦးစီးဌာန Call Center Hot Line ဖုန်းနံပါတ် – ၀၁၂၃၉၉၅၅၅ သို့ ဆက်သွယ်မေးမြန်းနိုင်ပါကြောင်း အသိပေးနှိုးဆော်အပ်ပါသည်။

စိုက်ပျိုးရေး၊မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန