ကြော်ငြာနှင့်နှိုးဆော်ချက်များ

အိမ်ခြံဝန်းဥယျာဉ်စိုက်ပျိုးရေးနှိုးဆော်ချက်

 ၁။      စိုက်ပျိုးရေးဦးစီးဌာနအနေဖြင့် မိမိတို့အိမ်ခြံဝန်းများအတွင်း အာဟာရပြည့်ဝသည့် ခြံထွက် ဟင်းသီးဟင်းရွက်များ ကိုယ်တိုင်စိုက်ပျိုးစားသုံးနိုင်မည့် အိမ်ခြံဝန်းဥယျာဉ် စိုက်ပျိုးခြင်း (Home Gardening)” စီမံကိန်းကို ချမှတ်ဆောင်ရွက်လျက်ရှိပါသည်။

၂။       စိုက်ပျိုးရေးဦးစီးဌာနပိုင်ဥယျာဉ်ခြံများတွင် ဟင်းသီးဟင်းရွက်မျိုးစေ့ အမျိုးပေါင်း(၂၀)ကျော်၊ ကီလို(၃၀၀၀)ခန့် ထုတ်လုပ်ထားရှိပြီးဖြစ်သဖြင့်၊ အိမ်ခြံဝန်းဥယျာဉ်စိုက်ပျိုးရန်အတွက် မျိုးစေ့ နှင့် နည်းပညာများလိုအပ်ပါက မိမိတို့နှင့် နီးစပ်ရာ ဌာနပိုင်ဥယျာဉ်ခြံများနှင့် မြို့နယ်စိုက်ပျိုးရေး ဦးစီးဌာနရုံးများသို့ ဆက်သွယ်စုံစမ်းနိုင်ပါကြောင်း အသိပေးအပ်ပါသည်။

စိုက်ပျိုးရေး၊မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန