ကြော်ငြာနှင့်နှိုးဆော်ချက်များ သတင်းကဏ္ဍ

သြဂုတ်လ(၃၁)ရက်နေ့၊ ည  ရွှေဘို ငလျင်ကြောင့် ယင်းဒေသရှိ တမံနှင့်ဆက်​စပ်​​ အ​ဆောက်​အအုံများ ထိခိုက်ပျက်စီးမှုမရှိ

သြဂုတ်လ(၃၁)ရက်နေ့၊ ည ၉ နာရီ ၃၉ မိနစ်ခန့် က ရွှေဘိုမြို့၏ အနောက်မြောက်ဘက် (၁၄)မိုင်ခန့်အကွာ ကို ဗဟိုပြုလှုပ်ခတ်ခဲ့သော အင်အား ရစ်(ခ်)တာ စကေး(၆.၀)အဆင့်ရှိ ငလျင်ကြောင့် ယင်းဒေသအနီးရှိ သဖန်းဆိပ် ရေလှောင်တမံ ၊ ကိုးပင်ရေလှောင်တမံ ၊ ကာဘိုးရေလွှဲဆည်၊ ကင်းတပ်ရေလွှဲ တမံများ၏ တမံနှင့်ဆက်​စပ်​​ အ​ဆောက်​အအုံများ ထိခိုက်ပျက်စီးမှုမရှိခဲ့ကြောင်း ဆည်မြောင်းနှင့်ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာန က သိရှိရသည်။

အဆိုပါ ငလျင်လှုပ်ခတ်ခဲ့ပြီးနောက်ပိုင်း  ဆည်မြောင်းနှင့်ရေအသုံးချမှု စီမံခန့်ခွဲရေးဦးစီးဌာန မှ တာဝန်ရှိသူများ က တမံနှင့်ဆက်​စပ်​​ အ​ဆောက်​အအုံများအား ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း၊ လက်ရှိမြေပြင်ကွင်းဆင်းစစ်​​ဆေးမှု အရ ပျက်စီးမှု ထိခိုက်မှုတစ်စုံတရာ မတွေ့ရှိရကြောင်း၊ အသေးစိတ်စစ်ဆေးမှုများ ဆက်လက်ဆောင်ရွက်လျှက်ရှိကြောင်း၊ ထူးခြားမှုအခြေအနေများ တွေ့ရှိပါက အချိန်နှင့်တပြေးညီ သတင်းထုတ်ပြန်ပေးသွားမည်ဖြစ်ကြောင်း လက်ရှိအချိန်အထိ စိုးရိမ်ဖွယ်တစုံတရာမတွေ့ရှိရကြောင်း  ညွှန်ကြားရေးမှူး ဦးကြည်ဝေ က ပြောသည်။

၂၀၁၉ ခုနှစ်၊ သြဂုတ်လ(၃၁)ရက်နေ့၊ မြန်မာစံတော်ချိန် (၂၁)နာရီ၊ (၃၉)မိနစ်၊ (၂၂) စက္ကန့် အချိန်တွင် ကန့်ဘလူမြေငလျင်စခန်းမှ တောင်ဘက် (၃၃) မိုင်ခန့် ကွာဝေးသော မြန်မာနိုင်ငံ ပြည်တွင်း၊ (ရွှေဘိုမြို့၏အနောက်မြောက်ဘက် (၁၄)မိုင်ခန့်အကွာ)၊ မြောက်လတ္တီတွဒ် (၂၂.၇၃) ဒီဂရီ၊ အရှေ့လောင်ဂျီတွဒ်(၉၅.၅၆) ဒီဂရီ၊ အနက်(၁၀)ကီလိုမီတာကို ဗဟိုပြု၍ အင်အားရစ်(ခ်)တာ စကေး(၆.၀)အဆင့်ရှိ အင်အားအသင့်အတင့်ရှိသော မြေငလျင်တစ်ခု လှုပ်ရှားသွားခဲ့သော်လည်း စိုက်ပျိုးရေး၊မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန က တာဝန်ယူ ထိန်းသိမ်းထား သော ဆည်တမံများ ထိခိုက်မှုတစ်စုံတရာ မရှိခဲ့ကြောင်း တာဝန်ရှိသူများ၏ ကနဦး စစ်ဆေးမှုအစီရင်ခံစာများအရ သိရှိရသည်။