Related Articles
ပြည်ထောင်စုဝန်ကြီး ဒေါက်တာအောင်သူ ၊ စိုက်ပျိုးရေးဦးစီးဌာန၏ တတိယအကြိမ် စာတမ်းဖတ်ပွဲ ဆုချီးမြှင့်ပွဲ အခမ်းအနားသို့ တက်ရောက်အားပေး
Posted on Author admin
လက်ရှိဆောင်ရွက်ပြီးသော အသုံးချသုတေသန စာတမ်းများတွင် တောင်သူစိုက်ကွင်း၌ ဆောင်ရွက် သည့် တောင်သူများ ပူးပေါင်းပါဝင်လက်ခံကျင့်သုံးသော သုတေသနများ ပါဝင်နေသကဲ့သို့ တောင်သူအသုံးပြုသုတေသန အသွင်ကူးပြောင်းရန် အသင့်ဖြစ်နေသော အခြေခံသုတေသန တွေ့ရှိချက် များ တင်ပြထားခြင်းကို တွေ့ရှိရပါကြောင်း၊ အဆိုပါ တွေ့ရှိချက်များကို ဆက်လက် ဆောင်ရွက်ပြီး တောင်သူများ လိုက်နာ ဆောင်ရွက် နိုင်စေရေး စည်းရုံးပညာပေးခြင်းဖြင့် လယ်ယာကဏ္ဍ ဖွံ့ဖြိုး တိုးတက်အောင် ဆောင်ရွက်သွားကြရန် တိုက်တွန်းပါကြောင်း ဇန်နဝါရီလ ၂၉ ရက်နေ့ ညနေပိုင်းက အွန်လိုင်းစနစ်ဖြင့် ကျင်းပ ပြုလုပ်သည့် စိုက်ပျိုးရေးဦးစီးဌာန၏ တတိယအကြိမ် စာတမ်းဖတ်ပွဲ ဆုချီးမြှင့်ပွဲ အခမ်းအနား တွင် စိုက်ပျိုးရေး၊မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာအောင်သူ က ပြောကြားသည်။