ပြည်ထောင်စုအဆင့်သတင်း သတင်းကဏ္ဍ

စိုက်ပျိုးရေး၊မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ၊ နိုင်ငံခြားချေးငွေ စီမံကိန်းများ ဆိုင်ရာ ဦးဆောင်ကော်မတီ ၏ (၂/၂၀၂၀) အစည်းအဝေးကျင်းပ

စိုက်ပျိုးရေး၊မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ၊ နိုင်ငံခြားချေးငွေ စီမံကိန်းများ ဆိုင်ရာ ဦးဆောင်ကော်မတီ ၏ (၂/၂၀၂၀) အစည်းအဝေး ကို ဇွန်လ ၃၀ ရက် မွန်းလွဲပိုင်းက နေပြည်တော် ရုံးအမှတ်(၁၅) အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ရာ ဦးဆောင်ကော်မတီ ဥက္ကဌ ပြည်ထောင်စုဝန်ကြီး ဒေါက်တာအောင်သူ ၊ ဒုတိယဥက္ကဌ ဒုတိယဝန်ကြီး ဦးလှကျော် နှင့် ကော်မတီဝင်များ စုံညီစွာတက်ရောက်ဆွေးနွေးကြသည်။

အစည်းအဝေးတွင်   သမဝါယမကဏ္ဍ ချေးငွေစီမံကိန်း (၂) ခု၊ စိုက်ပျိုးရေး ကဏ္ဍ  ချေးငွေ စီမံကိန်း (၈) ခု ၊ မွေးမြူရေး၊ ရေလုပ်ငန်းနှင့် ကျေးလက်ကဏ္ဍ ချေးငွေစီမံကိန်း (၈) ခု စုစုပေါင်း ဆောင်ရွက်ဆဲ ချေးငွေစီမံကိန်း(၁၈)ခု၏ စီမံကိန်း လုပ်ငန်းများ အကောင်အထည် ဖော်ဆောင်ရွက်ရန် လုပ်ငန်းဆိုင်ရာများ၊ ငွေကြေးသုံးစွဲနိုင်မှုအခြေအနေ နှင့် တိုးတက်မှု အခြေအနေများကိုလည်းကောင်း၊ Covid 19 ကပ်ရောဂါကြောင့် စီမံကိန်းများ အကောင် အထည်ဖော်ရာတွင် မမျှော်မှန်း နိုင်သော ကိစ္စရပ်များဖြစ်ပေါ်လာခြင်း၊ ကြိုတင် ရေးဆွဲထားသည့် နှစ်အလိုက် ဆောင်ရွက်ရန်  လုပ်ငန်းအစီအစဉ်များ ဆောင်ရွက်နိုင်ခြင်း မရှိပဲ ကြန့်ကြာမှုများကြုံတွေ့ နေရမှုအခြေအနေများကိုလည်းကောင်း၊ လာမည့် သုံးလ အတွင်း ထိရောက်စွာ ဆောင်ရွက် နိုင်မည့် အစီအစဉ်များကိုလည်းကောင်း ဆွေးနွေး ခဲ့ကြကြောင်း သတင်းရရှိသည်။