သတင်းကဏ္ဍ ဦးစီးဌာနသတင်းများ

စပါးသီးနှံမျိုးစေ့ထုတ်လုပ်ခြင်းနှင့်အရည်အသွေးထိန်းသိမ်းခြင်းသင်တန်း မှ သင်တန်းသား သင်တန်းသူများ စိုက်ပျိုးရေးသုတေသနဦးစီးဌာန သို့ ရောက်ရှိလေ့လာ

          Mekong, Lancang Cooperation Special Fund အထောက်အပံ့ဖြင့်‌ နေပြည်တော် မျိုးစေ့အရည်အ‌သွေး စစ်ဆေးခန်း၊ ပျဉ်းမနား စိုက်ပျိုးရေးသိပ္ပံဝန်း အတွင်း တွင် သြဂုတ်လ ၂၈ ရက်နေ့မှ ၃၀ ရက်နေ့ထိ (၃) ရက်တာ ဖွင့်လှစ်လျက်ရှိသည့် စပါးသီးနှံ မျိုးစေ့ထုတ်လုပ်ခြင်းနှင့် အရည်အသွေးထိန်းသိမ်းခြင်းသင်တန်း၌ တက်‌ရောက် လျက် ရှိသည့် နေပြည်တော် မျိုးစေ့တာဝန်ခံများ၊ ခရိုင်မျိုးစေ့ထုတ် တာဝန်ခံများ၊ စက်မှု သီးနှံ ဝန်ထမ်းများ၊ စိုက်ပျိုး‌ရေးသိပ္ပံ ဝန်ထမ်းများ အကျိုးဆောင် မျိုးစေ့ထုတ် တောင်သူများ၊ မျိုးစေ့ထုတ်အသင်းအဖွဲ့များ ပါဝင် သည့် သင်တန်းသား၊ သင်တန်းသူများ သည် ဩဂုတ်လ (၃၀) ရက်နေ့၊ နံနက် (၈)နာရီတွင် စိုက်ပျိုးရေးသုတေသနဦးစီးဌာန (DAR) ရှိ စပါးသီးနှံ သုတေသနဌာနစုကွင်းနှင့် မျိုးစေ့ဘဏ်သို့ ရောက်ရှိလေ့လာကြသည်။

ရှေးဦးစွာ လေ့လာရေးအဖွဲ့သည် စပါးသီးနှံ သုတေသနဌာနစု သုတေသန စိုက်ခင်းများသို့ သွားရောက်လေ့လာခဲ့ရာ၊ ဌာနစုတာဝန်ခံ ဒေါက်တာစန္ဒာမိုး နှင့် စမ်းသပ်ကွက် တာဝန်ခံများ က စပါးသီးနှံသုတေသနဌာနစု၏ ရည်ရွယ်ချက်၊ ရေ၊ မြေ၊ ရာသီဥတု ကွာခြားမှုကြောင့် စပါးသီးနှံ စိုက်ပျိုးထုတ်လုပ်ရန် အခြေအနေပေးသော ဒေသများနှင့် အခြေအနေမပေးသော ဒေသများ အတွက် အခြေခံ၍ စပါးသီးနှံ သုတေသနများ ဆောင်ရွက် ထားရှိမှုအားလည်းကောင်း၊ မိဘမျိုးစေ့ ပွါးများထုတ်လုပ်ခြင်းနှင့် အမြုတေ မျိုးသန့် ထိန်းသိမ်းပွါးများခြင်း သုတေသနများ ဆောင်ရွက် ထားရှိမှု စမ်းသပ်ကွက်များ အားလည်းကောင်း၊ ရေအနည်းလိုစပါးမျိုးများ အကွက်ကျယ် သရုပ်ပြ စမ်းသပ်ကွက်၊

အရည်သွေးကောင်းစပါးမျိုးများအားသဘာဝမြေဩဇာထည့်သွင်းအသုံးပြုခြင်း၏ အကျိုးသက်ရောက်မှုကိုလေ့လာခြင်း စမ်းသပ်ကွက်များနှင့်ရေမြုပ်ခံ၊ ရေနက်ခံ၊ ရေနေခံ စပါး မျိုးများ အကြောင်းကိုလည်းကောင်း၊ မိုးရေသောက် လယ်စပါးမျိုးများ တတိယအဆင့် အထွက် ယှဉ်ပြိုင်မှု သုတေသနဆောင်ရွက်ထားရှိမှုများအားလည်းကောင်းရှင်းလင်းပြသပြီး မျိုးစေ့ဘဏ် ပြခန်း (၂) ၌ ထိန်းသိမ်း သိုလှောင်ထားသော သီးနှံမျိုးရိုးဗီဇကွဲများ အား ဆက်လက် လေ့လာကြရာ တာဝန်ရှိသူများက ရှင်းလင်း ပြသကြကြောင်း သိရှိရသည်။