စိုက်ပျိုးရေး၊မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာအောင်သူ သည် ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင် စိုက်၊မွေး၊ဆည်ဝန်ကြီး ဦးစိုင်းလုံကျော်၊ အမြဲတမ်းအတွင်းဝန် ဦးကျော်မင်းဦး ၊ ညွှန်ကြားရေးမှူးချုပ်များနှင့်အတူ စက်တင်ဘာလ ၃ရက်နေ့ ညနေပိုင်းတွင် ရွာငံမြို့နယ် ဆင်နက်ချောင်ကျေးရွာ၌
စိုက်ပျိုးရေး၊မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန စေတနာမျှဝေခြင်းအစီအစဉ်အရ ဝန်ကြီးဌာနမိသားစုများ စုပေါင်း လှူဒါန်းသော စက်ရေတွင်း၊ရေတင်စက်ရုံ၊ ရေလှောင်ကန် ရေတွန်းစက်နှင့်ရေပိုက်လိုင်းလွှဲပြောင်း ပေးအပ်ပွဲ အခမ်းအနားသို့တက်ရောက်ပြီး ပြည်ထောင်စုဝန်ကြီး က အဖွင့်အမှာစကား ပြောကြားသည်။
အခမ်းအနားတွင် ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဦးစီးအဖွဲ့ ဥက္ကဌ ဦးအာကာလင်း က ကျေးဇူးတင်စကား ပြောကြားသည်။
ထို့နောက် အလှူရှင်ဝန်ကြီးဌာနမိသားစုများကိုယ်စား ညွှန်ကြားရေးမှူးချုပ် ဦးကျော်မြင့်လှိုင် က လှူဒါန်းရခြင်းနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြပြီး ကျေးရွာကိုယ်စားလှယ် တစ်ဦးက ကျေးဇူးတင်စကားပြန်လည်ပြောကြားသည်။
ယနေ့လှူဒါန်းသော ၆လက်မ စက်ရေတွင်းမှာ တွင်းအနက် ပေ၆၀၀ ရှိပြီး ၊ တစ်နာရီလျင် ရေဂါလံ ၁၀၀၀ ထွက်ရှိကာ ကျေးရွာရှိ အိမ်ထောင်စု ၁၇၀ မှ လူဦးရေ ၇၆၅ဦး နှင့် ကျွဲ နွား ကောင်ရေ ၂၀၀ တို့အတွက် ကျန်းမာရေးနှင့်ညီညွတ်သော သောက်သုံးရေကို ဖူလုံးစွာ အသုံးပြု နိုင်မည်ဖြစ်ကြောင်း သတင်းရရှိသည်။