မဲခေါင်-လန်ချန်းအထူးရန်ပုံငွေအထောက်အပံ့ဖြင့် စိုက်ပျိုးရေးဦးစီးဌာန၊ ကော်ဖီ-ရာသီ သီးနှံဌာနခွဲ က အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိသည့် မြန်မာ့အရည် အသွေးမြင့် ကော်ဖီစိုက်ပျိုးထုတ်လုပ်မှုဖွံ့ဖြိုးတိုးတက်ရေး စီမံကိန်း အရ ချင်းပြည်နယ် ကော်ဖီစိုက် တောင်သူများအား ကော်ဖီပျိုးပင်နှင့် လုပ်ငန်းသုံး ပစ္စည်းများ ထောက်ပံ့ပေး အပ်ခြင်း အခမ်းအနား ကို ဇွန်လ ၂၉ ရက်နေ့ နံနက်ပိုင်းက ပြင်ဦးလွင် ရှိ ကော်ဖီသုတေသန နှင့် နည်းပညာပြန့်ပွားရေးဗဟိုဌာန ၌ ကျင်းပပြုလုပ်သည်။
အခမ်းအနားတွင် စိုက်ပျိုးရေးဦးစီးဌာန၊ ကော်ဖီ-ရာသီ သီးနှံဌာနခွဲ ညွှန်ကြားရေးမှူး ဦးမြင့်ဆွေ က ကော်ဖီပျိုးပင်နှင့် လုပ်ငန်းသုံး ပစ္စည်းများပေးအပ်ရာ ချင်းပြည်နယ် ၊ တီးတိန်မြို့နယ်၊ ကော်ဖီအသင်းဥက္ကဌ ဦးကပ်ခင်းကိမ်း က လက်ခံရယူခဲ့သည်။
ကော်ဖီစိုက်တောင်သူများ အရည်အသွေးမြင့် ကော်ဖီ စိုက်ပျိုးထုတ်လုပ်ခြင်းမှ ဝင်ငွေ တိုးတက် ရရှိစေရေး ရည်ရွယ်ကာ ကော်ဖီပျိုးပင်နှင့် လုပ်ငန်းသုံး ပစ္စည်းများ ထောက်ပံ့ပေး အပ်ခြင်း ဖြစ်ကြောင်း ၊ စိုက်ပျိုးခြင်း ဆွတ်ခူးခြင်း ကြိတ်ခွဲခြင်းဆိုင်ရာလုပ်ငန်းများတွင် လိုက်နာ ဆောင်ရွက် ရမည့် အရည်အသွေးမြင့်ကော်ဖီ စိုက်ပျိုးထုတ်လုပ်နည်းပညာများ ကိုလည်း စာတွေ့ လက်တွေ့ သင်တန်းများ ဆောင်ရွက်ပေးခဲ့ပြီး ဖြစ် ကြောင်း ၊ ချင်းပြည်နယ် ကော်ဖီစိုက် တောင်သူများ အတွက် ယမန်နှစ်က ကော်ဖီပျိုးပင်တစ်သိန်း ထောက်ပံ့ ပေးအပ် ခဲ့ပြီး ယခုနှစ် မိုးရာသီစိုက်ပျိုးရန် ပျိုးပင် ခြောက်သောင်းကို ပထမအသုတ် အနေဖြင့် ယနေ့ပေးအပ်ခဲ့ခြင်း ဖြစ်ကြောင်း၊ ဆက်လက်ဖြန့်ဖြူးပေးသွားရန် ကော်ဖီပျိုးပင်များ အသင့် ဆောင်ရွက် ထားရှိပြီး ဖြစ်ကြောင်း စိုက်ပျိုးရေးဦးစီးဌာန၊ ကော်ဖီ-ရာသီ သီးနှံဌာနခွဲ ညွှန်ကြားရေးမှူး ဦးမြင့်ဆွေ က ပြောသည်။
ချင်းပြည်နယ် ကော်ဖီစိုက်တောင်သူများအနေဖြင့် မျိုးသန့်ကော်ဖီပျိုးပင်များ စိုက်ပျိုး လုပ်ကိုင်နိုင်ရသဖြင့် အလွန်ဝမ်းမြောက်မိပါကြောင်း၊ ယခုပျိုးပင် ခြောက်သောင်း ကို ကော်ဖီ စိုက် တောင်သူများအား ဆက်လက်ဖြန့်ဝေပေးသွားမည်ဖြစ်ပြီး နောက်ထပ် ပျိုးပင်များ သယ်ယူ နိုင်ရေးအတွက် မိမိတို့ ဆက်လက် ကြိုးပမ်းသွားမည်ဖြစ်ကြောင်း၊ တောင်ပေါ် ဒေသများ ဖြစ်၍ ကော်ဖီပျိုးပင်များ စိုက်ပျိုးရာတွင် မြေးကျင်း တူးခြင်း လုပ်ငန်းက အရေးကြီး ပါကြောင်း၊ ယခု ကော်ဖီပျိုးပင်များနှင့်အတူ မြေကျင်းတူးစက်များ လုပ်ငန်းသုံးပစ္စည်းများပါ ထောက်ပံ့ ပေး သည့်အတွက် မဲခေါင်-လန်ချန်းအထူးရန်ပုံငွေအဖွဲ့ နှင့် စိုက်ပျိုးရေးဦးစီးဌာန တာဝန်ရှိ သူများကို ကျေးဇူးတင်ရှိ ပါကြောင်း တီးတိန်မြို့နယ် ၊ ကော်ဖီအသင်းဥက္ကဌ ဦးကပ်ခင်းကိမ်း က ပြောသည်။
မြန်မာ့အရည် အသွေးမြင့် ကော်ဖီ စိုက်ပျိုးထုတ်လုပ်မှု ဖွံ့ဖြိုးတိုးတက်ရေးစီမံကိန်း ကို မဲခေါင်-လန်ချန်းအထူး ရန်ပုံငွေအထောက်အပံ့ဖြင့် ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ်မှ ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်အထိ စိုက်ပျိုးရေးဦးစီးဌာန က အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိရာ ချင်းပြည်နယ် ကော်ဖီစိုက်တောင်သူများအတွက် ယမန်နှစ် က ကော်ဖီပျိုးပင်တစ်သိန်း ထောက်ပံ့ ပေးအပ်ခဲ့ပြီး ယခုနှစ်အတွက် ပျိုးပင်ခြောက်သောင်းကို ပထမအသုတ် ပေးအပ် ခဲ့ကာ ကော်ဖီစိုက်ပျိုး ရာတွင် အသုံးပြုသည့် မြေကျင်းတူးစက်၊ ကိုင်းဖြတ် ကတ်ကြေး ၊ ကိုင်းဖြတ်လွှ ၊ ကိုင်းဖြတ်ဓါး ၊ ကော်ဖီသီးမှဲ့ အခွံ့ချွတ်စက်များထောက်ပံ့ ပေးအပ်ခဲ့ကြောင်း၊ အလားတူ ဒေသနေပြည်သူများ တစ်ပိုင်တစ်နိုင်စိုက်ပျိုးစားသုံးနိုင်ကြရန် ငွေနှင်းမှိုပျိုးထုပ် ၁၀၀၀ နှင့် ကော်ဖီစိုက်ပျိုးထုတ်လုပ်မှုလက်စွဲစာစောင် ၊ ကော်ဖီ GAP Gyidline ၊ မှိုမျိုးစုံစိုက်ပျိုးနည်း စာစောင်များကို ပေးအပ်ခဲ့ကြောင်း သတင်းရရရှိသည်။