Related Articles
ရယူထားတဲ့ မြေတွေနဲ့ပတ်သက်ပြီး အသုံးပြုမှုကို အစိုးရကသိအောင် လုပ်ရမယ့်အနေအထားတွေရှိ
၂၀၁၈ ခုနှစ်တွင်ပြင်ဆင်ခဲ့သည့် မြေလွတ်၊ မြေလပ်နှင့်မြေရိုင်းများ စီမံခန့်ခွဲရေးဥပဒေအရ လက်ရှိကျင့်သုံးဆောင်ရွက်နေသော မြေယာမူဝါဒများနှင့်စပ်လျဉ်း၍ လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးသက်နိုင်ဦးနှင့် တွေ့ဆုံမေးမြန်းထားသည်များကို ဖော်ပြအပ်ပါသည်။
ပြည်ထောင်စုဝန်ကြီး ဒေါက်တာအောင်သူ ၊ သီရိလင်္ကာနိုင်ငံ သံအမတ်ကြီး နှင့် တွေ့ဆုံဆွေးနွေး။
စိုက်ပျိုးရေး၊မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ အောင်သူ သည် အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူ များနှင့် အတူ စက်တင်ဘာ ၂ ရက်နေ့ မွန်းလွဲ ၂ နာရီက မြန်မာနိုင်ငံဆိုင်ရာ သီရိလင်္ကာဒီမိုကရက်တစ် ဆိုရှယ်လစ် သမ္မတ နိုင်ငံ သံအမတ်ကြီး H.E Dr. Lindamulage Nalin Kumar de Silva နှင့်အဖွဲ့အား ပြည်ထောင်စုဝန်ကြီး၏ ဧည့်ခန်းမ ၌ တွေ့ဆုံ ဆွေးနွေးသည်။တွေ့ဆုံစဉ် မြန်မာ-သီရိလင်္ကာ နှစ်နိုင်ငံအကြား စိုက်ပျိုး မွေးမြူရေး ကဏ္ဍများ တွင် ပူးပေါင်း ဆောင်ရွက်နိုင်မည့် အခွင့်အလမ်းဆိုင်ရာကိစ္စရပ်များ ကို နှစ်ဘက်ရင်းနှီး ပွင့်လင်းစွာ ဆွေးနွေးခဲ့ကြကြောင်း သတင်းရရှိသည်။