နယ်သတင်းများ သတင်းကဏ္ဍ

ရိတ်သိမ်းချိန်လွန်နည်းပညာသင်တန်းအမှတ်စဉ် (၃၃/၂၀၁၉) တောင်သူ(၃)ရက်သင်တန်းဖွင့်

ရိတ်သိမ်းချိန်လွန်နည်းပညာသင်တန်း အမှတ်စဉ်(၃၃/၂၀၁၉) တောင်သူ(၃)ရက် သင်တန်း ကို သြဂုတ်လ(၂၇)ရက်နေ့ နံနက်(၉)နာရီ အချိန်က စိုက်ပျိုးရေး၊မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ စိုက်ပျိုးရေးဦးစီးဌာန၊ ထုံးဘိုရိတ်သိမ်း ချိန်လွန်နည်းပညာ သင်တန်းကျောင်း၌ ကျင်းပရာ ဖွင့်ပွဲ အခမ်းအနားတွင် မန္တလေးတိုင်းဒေသကြီး၊ စိုက်ပျိုးရေးဦးစီးဌာန၊ ခေတ္တတိုင်းဒေသကြီးဦးစီးမှူး ဦးတင့်လွင် က သင်တန်းဖွင့် အမှာစကား ပြောကြားသည်။

အခမ်းအနားသို့  သင်တန်းဆရာ/ဆရာမများနှင့် တိုင်းဒေသကြီးနှင့်ပြည်နယ် အသီး သီးမှ သင်တန်းသား(၃၃)ဦး၊ စုစုပေါင်း(၄၅)ဦး တက်ရောက်ကြပြီး သင်တန်းကာလမှာ သြဂုတ်လ (၂၇)ရက်နေ့ မှ (၂၉)ရက်နေ့အထိ (၃)ရက်ကြာမြင့်မည်ဖြစ်သည်။

ထုံးဘို၊ ရိတ်သိမ်းချိန်လွန်နည်းပညာသင်တန်းကျောင်းမှ နည်းပညာသင်တန်းများ စဉ်ဆက် မပြတ် ဖွင့်လှစ်ပို့ချပေးလျှက်ရှိရာ ၂၀၁၄-၂၀၁၅ခုနှစ်မှ ယနေ့အချိန်ထိ သင်တန်းအကြိမ်ရေ စုစုပေါင်း(၁၂၂)ကြိမ်၊ တောင်သူပေါင်း (၁၅၃၅)ဦး၊ ဝန်ထမ်းပေါင်း(၂၃၃၃)ဦး၊ သင်တန်းသားဦးရေ စုစုပေါင်း(၃၈၆၈)ဦးအား နည်းပညာများဖြန့်ဖြူးပေးခဲ့ပြီး ရိတ်သိမ်းချိန်လွန်နည်းပညာ(TOT) သင်တန်းတက်ပြီးသော ဝန်ထမ်းများမှ မိမိတို့တာဝန်ကျရာဒေသများတွင် ဆင့်ပွားသင်တန်းများ ပြုလုပ်လျှက်ရှိရာ ဆင့်ပွားသင်တန်းအကြိမ်ရေပေါင်း(၃၅၄)ကြိမ်၊ တောင်သူပေါင်း (၇၃၁၁)ဦး၊ ဝန်ထမ်းပေါင်း (၄၄၀၉)ဦး၊ စုစုပေါင်း(၁၁၇၂၀)ဦးတို့အား ရိတ်သိမ်းချိန်လွန်နည်းပညာများ ဖြန့်ဝေပြီး ဖြစ်ကြောင်း သတင်းရရှိသည်။