နယ်သတင်းများ သတင်းကဏ္ဍ

ငြိမ်းချမ်းရေး တပ်ဖွဲ့ဝင် မိသားစုများ ၏ လယ်ယာလုပ်ငန်းများတွင် အသုံးပြုရန် လယ်ယာ(၂၂) လက်တွန်း ထွန်စက် (၂)စီး လွှဲပြောင်း ပေးအပ်

နိုင်ငံတော် ၏ ငြိမ်းချမ်းရေးနှင့်ဖွံ့ဖြိုးရေးလုပ်ငန်းများ ၌ နိုင်ငံတော်အစိုးရ နှင့် ပူးပေါင်းဆောင်ရွက်လျက်ရှိသော ကရင်အမျိုးသား အစည်း အရုံး၊ ကရင်အမျိုးသား လွတ်မြောက်ရေးတပ်မတော် ၊ ငြိမ်းချမ်းရေးကောင်စီ ဦးဆောင် သည့် ငြိမ်းချမ်းရေး တပ်ဖွဲ့ဝင် မိသားစုများ ၏ အသက်မွေးဝမ်းကျောင်းနှင့် ဒေသဖွံ့ဖြိုးရေး အထောက် အကူပြု လယ်ယာလုပ်ငန်းများတွင် အသုံးပြုရန် လယ်ယာ(၂၂) လက်တွန်း ထွန်စက် (၂)စီး လွှဲပြောင်းပေးအပ်ပွဲအခမ်းအနားကို နိုဝင်ဘာလ ၂၇ ရက်နေ့ က ကရင်ပြည်နယ်  ကော့ကရိတ် စက်မှုလယ်ယာစခန်းစွယ် ၌ ကျင်းပပြုလုပ်ရာ အခမ်းအနားသို့ ကရင်ပြည်နယ် စက်မှုလယ်ယာဦးစီးဌာန ပြည်နယ်ဦးစီးမှူး ဦးဘိုဘိုမောင် ၊ ကော့ကရိတ်ခရိုင် အထွေထွေအုပ်ချုပ်ရေးမှူး ဦးကိုကိုဦး နှင့် ခရိုင်နှင့်မြို့နယ် အဆင့်တာဝန်ရှိသူများ၊  KNU/KNLA-PC ဗဟိုဌာနချုပ် မှ စိုက်ပျိုးရေးတာဝန်ခံ ဦးစောစိုးဝင်း ဦးဆောင်သော ငြိမ်းချမ်းရေးတပ်ဖွဲ့ဝင်များ တက်ရောက်ကြသည်။

အခမ်းအနားတွင်  စက်မှုလယ်ယာဦးစီးဌာန ပြည်နယ် ဦးစီးမှူး က လယ်ယာ (၂၂) လက်တွန်း ထွန်စက်(၂)စီး ကို လွှဲပြောင်းပေးအပ်ရာ KNU/KNLA-PC ဗဟိုဌာနချုပ် မှ စိုက်ပျိုးရေးတာဝန်ခံ က လက်ခံရယူပြီး ကျေးဇူးတင်စကား ပြောကြားသည်။

နိုဝင်ဘာလ ၁၇ ရက်နေ့ က စိုက်ပျိုးရေး၊မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာအောင်သူ နှင့်အဖွဲ့ ကော့ကရိတ်မြို့နယ် နော်တယာ ရှိ KNU/KNLA-PC ဗဟိုဌာနချုပ် သို့ ရောက်ရှိစဉ် ငြိမ်းချမ်းရေး တပ်ဖွဲ့ဝင်မိသားစုများ၏ တောင်းဆိုချက် နှင့် ငြိမ်းချမ်းရေး တပ်ဖွဲ့ဝင်မိသားစုများ  စားဝတ်နေရေးကို အထောက်အကူ ဖြစ်စေရန်နှင့် ရေရှည် အသက်မွေးဝမ်းကျောင်း လုပ်ငန်းများ ထူထောင်လုပ်ကိုင်နိုင်ရေး အတွက်  သက်ဆိုင်ရာဌာနများက ကူညီ ဆောင်ရွက်ပေးရန် ပြည်ထောင်စုဝန်ကြီး ၏ လမ်းညွှန်ချက်အရ လယ်ယာလုပ်ငန်းများတွင် အသုံးပြုရန် လိုအပ်လျက်ရှိသော လယ်ယာ(၂၂) လက်တွန်း ထွန်စက် (၂)စီး စက်မှုလယ်ယာ ဦးစီးဌာန က ထောက်ပံ့ ပေးအပ်ခြင်းဖြစ်ကြောင်း သိရသည်။