ပြည်ထောင်စုအဆင့်သတင်း သတင်းကဏ္ဍ

ဒုတိယဝန်ကြီးဦးလှကျော်  ကိုရီးယားသမ္မတနိုင်ငံ Korea Eximbank ကိုယ်စားလှယ်အဖွဲ့အား လက်ခံတွေ့ဆုံ။

စိုက်ပျိုးရေး၊မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးလှကျော် သည် အမြဲတမ်းအတွင်းဝန် ဦးကျော်မင်းဦး နှင့် ဦးစီးဌာနများ မှ ညွှန်ကြားရေးမှူးချုပ်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ  ဖေဖော်ဝါရီလ ၂၇ ရက်နေ့ မွန်းလွဲ ၁ နာရီက ကိုရီးယားသမ္မတနိုင်ငံ Korea Eximbank ၏ မြန်မာနိုင်ငံဆိုင်ရာ Chief Representative ဖြစ်သူ Mr. Yoo Yeon Joo ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့အား ပြည်ထောင်စုဝန်ကြီးရုံး အစည်းအဝေးခန်းမ၌ လက်ခံတွေ့ဆုံ၍ မြန်မာ-ကိုရီးယား နှစ်နိုင်ငံ စီးပွားရေးဖွံ့ဖြိုး တိုးတက်ရေး ပူးပေါင်း ဆောင်ရွက်ရေးဆိုင်ရာ ကိစ္စရပ်များကိုဆွေးနွေးသည်။

တွေ့ဆုံစဉ် မြန်မာနိုင်ငံရှိ သမဝါယမအသင်းများအား အဆင့်မြှင့်တင်၍ ကျေးလက်‌ သမဝါယမအသင်းသားများ ဝင်ငွေတိုးတက်ရေးလုပ်ငန်းများ ဆောင်ရွက်မည့် စီမံကိန်း ဆိုင်ရာကိစ္စရပ်များ၊ ဧရာဝတီမြစ်ဝကျွန်းပေါ်ဒေသ ဖွံ့ဖြိုးတိုးတက်မှုစီမံကိန်း ဆိုင်ရာ ကိစ္စရပ်များ အား ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးခဲ့ကြသည်။