နယ်သတင်းများ

ထီးချိုင့်နယ်တွင် ဖျက်အားပြင်း ကန္တာရ ကျိုင်းကောင်၊ ဖော ငမြောင်တောင်ပိုးကာကွယ်နှိမ်နှင်းရေးအတွက် လက်လုပ်ထောင်ချောက် တပ်ဆင်ခြင်း နည်းပညာပေး လက်တွေ့သရုပ်ပြဆောင်ရွက်

စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်၊ ထီးချိုင့်မြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးဇော်ဦး၏ကြီးကြပ်မှုဖြင့် ဒေါ်လှိုင်လှိုင်မွန် ဒုဦးစီးမှူး (သီးနှံကာကွယ်ရေးတာဝန်ခံ) နှင့် ကမ်းနီ KC တွဲဖက်တာဝန်ခံ ၀န်ထမ်းများသည် ဇွန်လ ၂၆ရက် နေ့နံနက် (၉) နာရီအချိန်က   ကျောက်မှော် ကျေးရွာအုပ်စု ဇီးကုန်းကျေးရွာနှင့် မဲဟင်းကျေးရွာအုပ်စုတို့တွင် ဖျက်အားပြင်း ကန္တာရကျိုင်းကောင်၊ ဖောငမြောင်တောင်ပိုး ကာကွယ်နှိမ်နှင်းရေးအတွက် လက်လုပ်ထောင်ချောက်တပ်ဆင်ခြင်း၊ နည်းပညာပေး လက်တွေ့သရုပ်ပြဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။ 

ကျောက်မှော်ကျေးရွာ အုပ်စုဇီးကုန်ကျေးရွာ တောင်သူ ဦးကျော်မိုး ကွင်းအမှတ် ၈၃၂ ၊ ဦးပိုင် ၂၆/ခ ဖူးစားပြောင်း (Hybrid) စိုက်ခင်းအတွင်း ဖောငမြှောင်တောင်ပိုး (လောက်ကောင်ငယ်အဆင့်) ကာကွယ်နှိမ်နင်ရေးအတွက်  IPM (ဘက်စုံပိုမွှား ကာကွယ်နှိမ်နင်းနည်းများ) ဖြစ်သည့် အတန်းလိုက် လောက်ကောင်များကောက်ယူ ဖျက်ဆီးခြင်း၊ သဘာဝပိုးသတ်ဆေး (ဆေးရွက်ကြီး+ဆပ်ပြာရည်+ရေ) ဖျော်စပ်ဖြန်းပေးခြင်း၊ FAW ဖလံများ ဖမ်းရန် (ထန်းလျက်ညိုကျိုရည်) ထည့်၍ လက်လုပ် ထောင်ချောက် တပ်ဆင်ခြင်းများအား နည်းပညာပေး လက်တွေ့ သရုပ်ပြသ ဆောင်ရွက်ခဲ့ကြ ပြီး    မဲဟင်းကျေးရွာအုပ်စုတို့၌ ဖျက်အားပြင်း ကန္တာရကျိုင်းကောင် (နှံကောင်) ကြိုတင်ကာကွယ်နှိမ်နင်းရေး၊ ဖောငမြှောင်တောင် ပိုး ကာကွယ်နှိမ်နင်းရေးအတွက် ဘက်စုံပိုးမွှားကာကွယ်နှိမ်နင်း နည်းစနစ်များနှင့် ကြွက်ကာကွယ် နှိမ်နင်းနည်းများ (ကြွက်ဦးရေလျော့ကျစေသော အချက်များ၊ ဓာတုနည်းဖြင့် ကာကွယ်နှိမ်နင်းခြင်း)တို့အား ဒေသခံတောင်သူများသို့ နည်းပညာပေးခြင်း၊ နည်းပညာပေး လက်ကမ်းစာစောင်များဖြန့်ဝေခြင်းနှင့် တောင်သူများ၏ဖုန်းများအတွင်း Pp application ထည့်သွင်းပေးခြင်းများအား ဆောင်ရွက်ခဲ့ကြကြောင်း သိရှိရသည်။

ရဲလင်းထွန်း (ထီးချိုင့်)