နယ်သတင်းများ

လားဟူ၊ အာခါ၊ ဝ တိုင်းရင်းသား တောင်သူများ အတွက် စိုက်ပျိုးရေး ဆိုင်ရာ နည်းပညာပေး ဆွေးနွေး ၊ သွင်းအားစုများထောက်ပံ့ ပေးအပ်

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ လားဟူ၊ အာခါ၊ ဝ တိုင်းရင်းသားတောင်သူများ အတွက်  စိုက်ပျိုးရေး ဆိုင်ရာ နည်းပညာပေးဆွေးနွေးဟောပြောပေးခြင်းနှင့် သွင်းအားစုများ ထောက်ပံ့ ပေးအပ်ခြင်း အခမ်းအနားကို  ဇူလိုင်လ (၂၆)ရက်နေ့က ကျိုင်းတုံမြို့နယ် ယန်းခကျေးရွာအုပ်စု ကြိတ်ခေါင် အလယ်ရွာ ဘုရားကျောင်း၌ ကျင်းပပြုလုပ်ရာ လားဟူ၊ အာခါ၊ ဝ တိုင်းရင်းသားတောင်သူများ (၄၇)ဦး တက်ရောက်လေ့လာကြသည်။စိုက်ပျိုးရေးဦးစီးဌာန ဒုတိယပြည်နယ်ဦးစီးမှူးရုံး က ဦးဆောင်ကျင်းပသည့် အဆိုပါအခမ်းအနား တွင် ဒုတိယပြည်နယ် ဦးစီးမှူး ဦးလှဝင်း က အဖွင့်အမှာစကား ပြောကြားပြီး ရေရှည် တည်တံ့ စေသော စိုက်ပျိုးရေးနည်းပညာ ရပ်များ အား သိရှိလိုက်နာဆောင်ရွက်ခြင်းဖြင့် မိရိုးဖလာ ရွေ့ပြောင်း တောင်ယာ စိုက်စနစ်များကြောင့် မြေဆီလွှာ ထိခိုက်မှု လျော့နည်း ပပျောက်စေရန် ၊ တောင်သူများ၏ စီးပွားရေးကို ထိခိုက်စေသော ဖျက်အားပြင်း ဖော ငမြှောင်တောင် ပိုး ကျရောက်မှု ရှိ/မရှိအား ကင်းထောက် စစ်ဆေးတတ်စေရန် ဖီရိုမုန်း ထောင်ချောက် အသုံးပြု၍ ကင်းထောက်ခြင်းနည်းစနစ်များ နှင့် စိုက်ပျိုးရေး ဆိုင်ရာ အလေ့အကျင့်ကောင်း GAP အား စနစ်တကျ လိုက်နာ ဆောင်ရွက်ရန် လိုအပ်ချက်များကို စိုက်ပျိုးရေးပညာရှင်ဝန်ထမ်းများ က သက်ဆိုင်ရာ ကဏ္ဍများအလိုက် ဟောပြောဆွေးနွေးကြသည်။ထို့နောက် ဒုတိယပြည်နယ်ဦးစီးမှူး နှင့် တာဝန်ရှိသူများက သီးနှံမျိုးစေ့များ၊ ပိုးသတ်ဆေးများ၊ ဖီရိုမုန်းထောင်ချောက်(Pheromone Trap)များ နှင့် တိုင်းရင်းသား (ရှမ်း၊ လားဟူ၊ အာခါ) ဘာသာ စိုက်ပျိုးနည်းပညာပေး လက်ကမ်း စာစောင်များအား အခမဲ့ဖြန့်ဝေပေးခဲ့ကြောင်း သတင်းရရှိသည်။