ပြည်ထောင်စုအဆင့်သတင်း သတင်းကဏ္ဍ

အမျိုးသားအပင်မျိုးသစ် အကာအကွယ်ပေးရေးဆိုင်ရာ ဗဟိုကော်မတီ  အစည်းအဝေး ကျင်းပ။

အမျိုးသားအပင်မျိုးသစ် အကာအကွယ်ပေးရေးဆိုင်ရာ ဗဟိုကော်မတီ အစည်းအဝေးကို ဖေဖော်ဝါရီ ၂၆ ရက်နေ့ နေ့လယ် ၁ နာရီခွဲ က စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးရုံး အစည်းအဝေးခန်းမ တွင် ကျင်းပပြုလုပ်ရာ အမျိုးသားအပင်မျိုးသစ် အကာအကွယ်ပေးရေးဆိုင်ရာ ဗဟိုကော်မတီ ဥက္ကဌ ဒုတိယဝန်ကြီး ဦးလှကျော် တက်ရောက်အဖွင့်အမှာစကား ပြောကြားသည်။

အစည်းအဝေးတွင် အမျိုးသားအပင်မျိုးသစ် အကာအကွယ်ပေးရေးဆိုင်ရာ ကိစ္စရပ်များနှင့်စပ်လျဉ်း၍ ဗဟိုကော်မတီ အတွင်းရေးမှူး  က ရှင်းလင်းတင်ပြရာ ဗဟိုကော်မတီ ဥက္ကဌ ဒုတိယဝန်ကြီး နှင့် တာဝန်ရှိသူများက ဆွေးနွေး ဆောင်ရွက်ကြ သည်။

          အပင်မျိုးသစ်မွေးမြူသူ၏ ရပိုင်ခွင့် အခွင့် ‌အရေးများကို အကာအကွယ်ပေးရန်၊ အပင်မျိုးသစ်မွေးမြူခြင်းလုပ်ငန်း ဖွံ့ဖြိုး တိုးတက်လာစေရန်၊ အပင်မျိုးသစ်မွေးမြူခြင်း လုပ်ငန်းတွင် ပြည်တွင်း၊ပြည်ပ ရင်းနှီး မြှုပ်နှံမှုများ ပိုမိုတိုးတက်လာစေရန်နှင့် အပင် မျိုးသစ်များ မွေးမြူရရှိလာပြီး စိုက်ပျိုးထုတ်လုပ်ခြင်းဖြင့် နိုင်ငံတော်၏ စီးပွားရေး ဖွံ့ဖြိုး တိုးတက်မှုကို အထောက် အကူဖြစ်စေရန်တို့အတွက် အပင်မျိုးသစ်အကာ အကွယ်ပေးရေး ဥပဒေကို ၂၀၁၆ ခုနှစ် တွင် ပြဌာန်း ခဲ့ပြီး ၂၀၁၇ ခုနှစ်တွင် အသက်ဝင်ခဲ့ကာ ဥပဒေပါလုပ်ငန်းများ အကောင်အထည် ဖော်ရေးအတွက် အဓိက အကျဆုံး ဖြစ်သည့် အမျိုးသားအပင်မျိုးသစ် အကာအကွယ် ပေးရေးဆိုင်ရာ ဗဟိုကော်မတီ ကိုလည်း ၂၀၁၈ ခုနှစ်၊ ဖေဖော်ဝါရီလ(၂)ရက်နေ့တွင်  စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးရုံး၏ အမိန့်အကြော်ငြာ စာအမှတ် ၄၆/၂၀၁၈ ဖြင့် ဖွဲ့စည်းခဲ့သည်။

၂၀၁၆ အပင်မျိုးသစ်အကာ အကွယ်ပေးရေး ဥပဒေကို အပြည်ပြည်ဆိုင်ရာ အပင်မျိုးသစ် အကာအကွယ်ပေးရေး အဖွဲ့ကြီး (UPOV) မှ ပြဌာန်းထားသည့် ၁၉၉၁ ဥပဒေ သတ်မှတ်ချက်များနှင့် ကိုက်ညီရန် ပြင်ဆင်ပြီး ၂၀၁၉ ခုနှစ်၊စက်တင်ဘာလ ၂၄ ရက် ပြည်ထောင်စုလွှတ်တော် ဥပဒေအမှတ်-၂၉ ဖြင့် အသစ် ပြဌာန်းနိုင်ခဲ့သည်။

အပင်မျိုးမွေးမြူသူများက ၄င်းတို့ မွေးမြူထုတ်လုပ်ထားသည့် အပင်မျိုး သစ်များ အပင်မျိုးသစ် အကာအကွယ်ပေးရေးဥပဒေအောက်တွင် ကာကွယ်ခွင့်ယူရန် ယနေ့အထိသီးနှံမျိုးစုံ၏ အပင်မျိုးသစ်(၁၇)မျိုး လျှောက်ထားပြီးဖြစ်ကြောင်း သတင်းရရှိ သည်။