ပြည်ထောင်စုအဆင့်သတင်း သတင်းကဏ္ဍ

စိုက်ပျိုးရေးကဏ္ဍ တိုးတက်ဖွံ့ဖြိုးမှုကို အထောက်အကူပြုစေမည့် သုတေသနစာတမ်းဖတ်ပွဲကျင်းပ

မြန်မာ့စိုက်ပျိုးရေးကဏ္ဍ တိုးတက်ဖွံ့ဖြိုးစေရန် ရည်ရွယ်၍ စိုက်ပျိုးရေးနှင့် ဆည်မြောင်း ကဏ္ဍ သုတေသန စာတမ်းဖတ်ပွဲ အခမ်းအနားကို ဖေဖော်ဝါရီလ ၂၄  ရက် နံနက် ၈ နာရီ က  နေပြည်တော်၊ ဇေယျာသီရိမြို့နယ်၊ ရေဆင်းစိုက်ပျိုးရေးတက္ကသိုလ် ဘွဲ့နှင်းသဘင်ခမ်းမ၌ ကျင်းပသည်။

           အဆိုပါအခမ်းအနားတွင် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနမှ ဒုတိယဝန်ကြီး ဉီးလှကျော်၊ အမြဲတမ်းအတွင်းဝန် ဉီးကျော်မင်းဉီး၊ စိုက်ပျိုးရေးသုသေသနဉီးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာနိုင်ကြည်ဝင်း၊ စိုက်ပျိုးရေးဉီးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာရဲတင့်ထွန်း၊           ဆည်မြောင်း နှင့် ရေအသုံးချမှု စီမံခန့်ခွဲရေး ဉီးစီးဌာန (ဆည်မြောင်း) ညွှန်ကြားရေးမှူးချုပ် ဉီးဗိုလ်ဗိုလ်ကျော်၊ စက်မှုလယ်ယာ ညွှန်ကြားရေးမှူးချုပ် ဉီးစိုးလှိုင်၊ အသေးစား စက်မှုလက်မှုလုပ်ငန်း ဉီးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဉီးခွန်အေးနိုင်၊ ရေဆင်းစိုက်ပျိုး ရေးတက္ကသိုလ် ပါမောက္ခချုပ် ဒေါက်တာနန်းဆိုင်ဟွမ်၊ ရေဆင်းစိုက်ပျိုးရေး တက္ကသိုလ် ဒုတိယပါ မောက္ခချုပ်များ၊ ဌာနဆိုင်ရာ အသီးသီးမှ ပါမောက္ခ/ ဌာနမှူးများ၊ နိုင်ငံခြား တက္ကသိုလ်များမှ စိုက်ပျိုးရေး မဟာသိပ္ပံဘွဲ့နှင့် ပါရဂူဘွဲ့အသီးသီး ရရှိခဲ့ကြသော အရာထမ်း၊ အမှုထမ်းများနှင့် ရေဆင်းစိုက်ပျိုးရေး တက္ကသိုလ်မှ ဆရာ/ ဆရာမများ၊ ကျောင်းသား/ ကျောင်းသူ များ တက်ရောက်ကြ သည်။

စာတမ်းဖတ်ပွဲတွင် နိုင်ငံတကာမှ စိုက်ပျိုးရေးမဟာသိပ္ပံဘွဲ့နှင့် ပါရဂူဘွဲ့ရရှိပြီးမြောက် ခဲ့ကြသော စာတမ်းရှင် (၄၂) ဉီးက သုတေသနဆောင်ရွက်ချက်များကို သက်ဆိုင်ရာဌာနအလိုက် ဖတ်ကြား တင်ပြကြသည်။ အဆိုပါအခမ်းအနားတွင် မြန်မာ့စိုက်ပျိုးရေးလောကဖွံ့ဖြိုးမှုကို အထောက်အကူပြု စေမည့် စိုက်ပျိုးစီးပွားပညာ/ စီမံခန့်ခွဲရေးပညာနှင့် ကျေးလက်ဖွံ့ဖြိုးရေး/ စိုက်ပျိုးထုတ်ကုန် တန်ဖိုးကွင်းဆက်ဆိုင်ရာ သုသေသနစာ တမ်းကိုလည်းကောင်း၊ စိုက်ပျိုးရေး အင်ဂျင်နီယာ/ စက်မှုလယ်ယာ ဆိုင်ရာသုတေသနကို လည်းကောင်း၊ မြေဆီလွှာနှင့် ရေသိပ္ပံဆိုင်ရာ စီမံခန့်ခွဲရေး/ ဆည်မြောင်းနှင့် ရေအသုံးချမှု စီမံခန့်ခွဲရေး၊  သဘာဝပတ်ဝန်း ကျင်ဆိုင်ရာ သုတေသနကို လည်းကောင်း၊ လယ်ယာသီးနှံ စိုက်ပျိုးရေး/ ဇီဝနည်းပညာအမြစ်နှင့် ဇီဝပတ်ဝန်းကျင် သိပ္ပံနည်းပညာ သုသေတနကို လည်းကောင်း၊ ဉယျာဉ်ခြံသီးနှံစိုက်ပျိုးရေးနှင့် ရိတ်သိမ်းချိန်လွန် နည်းပညာဆိုင်ရာ သုသေသနကို လည်းကောင်း၊ အပင်မွေးမြူရေးနှင့် ဇီဝနည်းပညာဆိုင်ရာ သုသေသနကို လည်းကောင်း၊ အပင်ပိုးမွှားရောဂါကာကွယ်ရေး နည်းပညာ ဆိုင်ရာ သုသေသနကို လည်းကောင်း၊ တောင်သူတိုးချဲ့ပညာပေးနှင့် အစားအသောက် သိပ္ပံဆိုင်ရာ နည်းပညာ  သုသေသန တို့ကို လည်းကောင်း အသီးသီး ဖတ်ကြားခဲ့ကြကြောင်း သိရသည်။