ယခုအခါတွင် မြန်မာနိုင်ငံတစ်ဝှမ်းလုံးတွင် ရာသီဥတုဖေါက်ပြန်မှုကြောင့် မိုးများဆက် တိုက်ရွာသွန်းလျှက်ရှိပါသည်။ ထို့ကြောင့် စိုက်ပျိုးသီးနှံများ (စပါး၊ ပဲမျိုးစုံ၊ ပြောင်း၊ ဆီထွက်သီးနှံများ၊ ဟင်းသီးဟင်းရွက်၊ ကြက်သွန်နီ၊ ငရုတ် စသောသီးနှံ များ၏ စိုက်ခင်းနှင့်ပျိုးခင်းများ တွင် ရာသီဥတုစိုစွတ်ခြင်းကြောင့် စိုက်ပျိုးသီးနှံများတွင် မှို ရောဂါများ (ပိုးပင်နာကျ၊ ခါးရိရောဂါများ၊ မှိုသီး၊ သံချေးနှင့် မြစ်ဆွေးမြစ်ခြောက်များ၊ နှောင်းပင်နာကျနှင့် ရွက်ခြောက်များ) နှင့် အခြား ရောဂါများ (ဘက်တီးရီးယား ရွက်စင်းနှင့်ရွက်ခြောက်၊ ပင်ခြေပုပ်၊ ဘက်တီးရီးယားပင်ညှိုး) ၊ အင်းဆက်ပိုးများ အနေဖြင့် စုပ်စားပိုးများ (ဖြုတ်ညို၊ ပျ၊ လှေး၊ နှံစုပ်ဂျပိုး၊ မီလီဂျပိုး ၊ ယင်ဖြူ) နှင့် ခူမွှေးရှည် များ ကျရောက်တတ်ပါသည်။
သို့ဖြစ်ပါ၍အောက်ပါသီးနှံကာကွယ်ရေးဆိုင်ရာ ကြိုတင်ကာကွယ်နှိမ်နင်းရေးလုပ်ငန်းများ ဆောင် ရွက်နိုင်ရန် အတွက် သတိပေး နှိုးဆော်အပ်ပါသည်။
(၁) မိုးရွာသွန်းမှုကြောင့် စိုက်ခင်းအတွင်းရေဝပ်ပါက ရေထုတ်နိုင်ရန်ဆောင်ရွက်ပါ။
(၂) ပျိုးဘောင်နှင့်စိုက်ဘောင်များအားရေမဝပ်စေရန် မြှင့်တင်ပေးပါ။
(၃) ကန်သင်းနှင့်ပတ်ဝန်းကျင်ရှိ ပေါင်းမြက်များကိုရှင်းလင်းပါ။
(၄) ရောဂါရပင်ကြွင်းပင်ကျန်များကို ဖယ်ရှာပြီး မီးရှို့ဖျက်ဆီးပါ၊
(၅) အခြေအနေပေးပါက မီးခိုးမှိုင်းတိုက်ပါ။
(၅) ပိုးမွှားရောဂါ ဒါဏ်ခံနိုင်ရန်အတွက် ပိုတက်ရှ်ဓါတ်မြေသြဇာကို ထည့်သွင်း အသုံး ပြုပါ။
(၆) သီးနှံကာကွယ်ရေးလုပ်ငန်းများဆောင်ရွက်နိုင်ရန်အတွက် စိုက်ပျိုးရေးဦးစီးဌာန၊ သီးနှံကာကွယ် ရေးဌာနခွဲမှ ဖြန့်ဝေထားသော မိုဘိုးအပလီကေးရှင်းတွင် ကြည့်ရှု၍ တရားဝင်မှတ်ပုံတင် ထားသောပိုးသတ်ဆေးများကို အသုံးပြုပက်ဖျန်းနိုင်ပါသည်။
(၇) လိုအပ်ပါက ပြည်နယ်တိုင်းဒေသကြီးအသီးသီးရှိ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနရုံး တွင် ဆက်သွယ် အကြံဉာဏ်တောင်းယူနိုင်ပါရန်သတိပေး နှိုးဆော်အပ်ပါသည်။
စိုက်ပျိုးရေးဦးစီးဌာန
သီးနှံကာကွယ်ရေးဌာနခွဲ