ကြော်ငြာနှင့်နှိုးဆော်ချက်များ လယ်ယာကဏ္ဍ သတင်းကဏ္ဍ

ရာသီဥတု ပြောင်းလဲခြင်း၊ သဘာဝ​ ဘေးအန္တရာယ် ရေကြီးနစ်မြုပ်ခြင်းဖြစ်ပေါ်ပြီး နောက် သီးနှံများ ပြန်လည် စိုက်ပျိုးရာတွင် ရောဂါ ကြိုတင်ကာကွယ်နှိမ်နင်းရန် နည်းလမ်းများ

ရာသီဥတု ပြောင်းလဲခြင်း၊ သဘာဝဘေးအန္တရာယ် ရေကြီးနစ်မြုပ်ခြင်း ဖြစ်ပေါ်ပြီး နောက် သီးနှံစိုက်မြေများတွင် အစိုဓါတ်လွန်ကဲမှုကြောင့် မြေတွင်းရှိ ရောဂါ ဖြစ် စေနိုင်သော သက်ရှိများ(အထူးသဖြင့် မှို နှင့် က်တီးရီးယား) ပေါက်ပွားမှု အားကောင်းပြီးစိုက်ပျိုး သီးနှံများတွင် ရောဂါများ ဆိုးရွားစွာ ဖြစ်ပေါ်စေနိုင်ပြီး သီးနှံများအထွက်နှုန်းကို ထိခိုက် စေနိုင်ပါသည်။

သို့ဖြစ်ပါ၍ သီးနှံများ ပြန်လည် စိုက်ပျိုးရာတွင် အောက်ဖေါ်ပြပါအပင်ရောဂါ ကြိုတင်ကာကွယ်နှိမ်နင်းရန် နည်းလမ်းများအား လိုက်နာဆောင်ရွက်ရန် လိုအပ်ပါသည်။

ရေမဝပ်စေရန် ရေထုတ်မြောင်များထားရှိပါ။
မျိုးစေ့များအား မျိုးစေ့လူးနယ်ဆေးအဖြစ် အသုံးပြုနိုင်သော မှိုသတ်ဆေး တစ်မျိုးမျိုးဖြင့် လူးနယ်ပြီးမှ စိုက်ပျိုးပါ။
ရောဂါဒါဏ်ခံနိုင်ရန် ပိုတက်ရှ် မြေသြဇာကို ထည့်သွင်းအသုံးပြုပါ။
သီးနှံအလိုက် ကျရောက်တတ်သော ရောဂါများနှင့် အသုံးပြုနိုင်သည့် ရောဂါ သတ်ဆေးများအား ယှဉ်တွဲဖေါ်ပြထားပါသည်။