နယ်သတင်းများ

မြစ်သားမြို့နယ် စိုက်ပျိုးရေးနှင့်အထွေထွေစီးပွားရေးသမဝါယမအသင်းများ က ကြက်သွန်နီ၊ နှမ်းနှင့် ငြုပ်များ စိုက်ပျိုးထုတ်လုပ်

                 မြန်မာနိုင်ငံ၏ လူကြိုက်အများဆုံး ရောင်းတန်းဝင် မြစ်သားကြက်သွန်နီကို မြစ်သား မြို့နယ် စိုက်ပျိုးရေးနှင့် အထွေထွေစီးပွားရေး သမဝါယမအသင်း၊ စိုက်ပျိုးထုတ်လုပ်ရေး သမဝါယမ အသင်း၊ အသင်းစုစုပေါင်း(၁၁၀) သင်းမှ စိုက်ဧက(၇၀၀၀)တွင် စိုက်ပျိုး ထုတ်လုပ် လျက်ရှိရာ တစ်ဧက လျှင် ပျှမ်းမျှပိဿာချိန်(၂၀၀၀) ထွက်ရှိကြောင်း သိရှိရသည်။

ကိုဗစ်-၁၉ ကာလကြောင့် ဈေးနှုန်း အနည်းငယ်ကျဆင်းသော်လည်း ကြက်သွန်နီ စိုက်ပျိုး ထုတ်လုပ်သော အသင်းသားတောင်သူများ အနေဖြင့် ပိဿာချိန်(၁၃,၈၅၀,၀၀၀)ကို ရောင်းချပြီး ဖြစ်ကြောင်း နှင့် နွေနှမ်း၊ ငြုပ် စသည့်သီးနှံများ ကိုလည်း ဆက်လက် စိုက်ပျိုးထုတ်လုပ်လျက်ရှိကြောင်း သိရှိရသည်။