ဆည်-ရေကဏ္ဍ

၂၀၂၀ပြည့်နှစ် ဇွန်လ ၂၃ ရက် ဆည်တမံများ ရေဝင်ရောက်မှုအခြေအနေ

ဆည်တမံများ ရေဝင်ရောက်မှုအခြေအနေအားတင်ပြခြင်း။

=============================================

၂၀၂၀ပြည့်နှစ် ဇွန်လ ၂၃ ရက်

=======================

ကယားပြည်နယ် ဒီမောဆိုမြို့နယ် ‌ငွေတောင်ဆည် တွင် ၇၆ ဧကပေ ရေဝင်ရောက်ခဲ့ပြီး ချင်းပြည်နယ် ဖလမ်းမြို့ လိုင်ဗားရေလှောင်တမံ တွင် ၆၁ ဧကပေ ရေဝင်ရောက်ပြီး ရေပိုလွှဲမှ (၀.၄)ပေ ရေကျော်လျက်ရှိသည်။

စစ်ကိုင်းတိုင်းဒေသကြီး ရှိ ဆည်တမံများ ရေဝင်ရောက်မှုအနေဖြင့် ကျွန်းလှမြို့ ရှိ သဖန်းဆိပ်ရေလှောင်တမံ တွင် ဝင်ရေ ၆၄၃၄ ဧကပေ ၊ ပုလဲမြို့ မြောက်ယမားရေကူရေလှောင်တမံ ၌ ဝင်ရေ ၄၀ ဧကပေ ၊ ကလေးမြို့ ရာဇဂြိုဟ်ရေလှောင်တမံ ၌ ဝင်ရေ ၈၃၈ ဧကပေ အသီးသီးရှိကြသည်။

ပဲခူးတိုင်းဒေသကြီးရှိ ဆည်တမံများ ရေဝင်ရောက်မှုအနေဖြင့်  ခပေါင်း ၁၅၄၉ ဧကပေ ၊ ရေသိုး ၄၇ ဧကပေ ၊ ဖြူးချောင်း ၁၈၀၁ ဧကပေ ၊ ရဲနွယ် ၈၆၄ ဧကပေ ၊ ဘိုင်းဒါး ၆၇၈ ဧကပေ ၊ ဝါးကတုတ် ၁၁၉ ဧကပေ၊ မဇင်း ၄၁၄ ဧကပေ၊ အလိုင်နီ ၁၃၀ ဧကပေ၊ ရွှေပြည်(၃) ၆၀ ဧကပေ၊ ကိုဒူကွဲ ၄၁၉ ဧကပေ၊ စလူ ၉၀ ဧကပေ၊ မြောက်နဝင်း ၂၄၁ ဧကပေ၊ တောင်နဝင်းရေလှောင်တမံ ၁၇၇ ဧကပေ၊ တောင်နဝင်းရေထိန်းတမံ ၁၀၆ ဧကပေ၊ ဝဲကြီး ၈၀၆ ဧကပေ၊ ခဝါ ၂၄၅ ဧကပေ၊ တောင်ညို ၃၁၃ ဧကပေ၊ မင်းလှ ၅၁ ဧကပေ၊ သုံးဆယ် ၁၉၀ ဧကပေ၊

မကွေးတိုင်းဒေသကြီး ရှိ ဆည်တမံများ ရေဝင်ရောက်မှုအနေဖြင့် နတ်မောက် ၉၄ ဧကပေ ၊ မုန်းချောင်း ၃၃၂၄ ဧကပေ၊ မန်းချောင်း ၂၀၇ ဧကပေ၊ ကြီးအုံကြီးဝ ၆၀၁၂ ဧကပေ၊ ဘွက်ကြီး ၃၁၉ ဧကပေ ၊ ပဒဲ ၄၀ ဧကပေ ၊ မဒေး ၆၃ ဧကပေ ၊

မန္တလေးတိုင်းဒေသကြီးတွင် ဆည်တော်ကြီး ၇၉၅ ဧကပေ၊ ကင်းတား ၉၄၆ ဧကပေ၊

နေပြည်တော် ရှိ ဆည်တမံများ ရေဝင်ရောက်မှုအနေဖြင့် ကင်းသာ ၅၄ ဧကပေ ၊ မုံချောင်း ၃၇၂ ဧကပေ ၊ ပေါင်းလောင်း ၆၇၉၀ ဧကပေ၊ ချောင်းမငယ် ၅၉ ဧကပေ၊ မဒန်း ၈၀ ဧကပေ၊

မွန်ပြည်နယ် တွင်  ကတိုက် ၁၅၆ ဧကပေ၊ ရခိုင်ပြည်နယ် တွင် ပြိုင်းချောင်း ၃၆၅ ဧကပေ၊ ဇီးချောင်း ၁၄၁ ဧကပေ၊ ရှောက်ချောင်း ၁၂၀ ဧကပေ၊ ခမီကြိမ်ချောင်း ၇၈ ဧကပေ၊ ဟင်းရွက်ချောင်း ၈၀ ဧကပေ၊

ရန်ကုန်တိုင်းဒေသကြီး ရှိ ဆည်တမံများ ရေဝင်ရောက်မှုအနေဖြင့် ပေါင်းလင်း ၂၃၈ ဧကပေ၊ လဂွမ်းပြင် ၂၆၅ ဧကပေ၊ မဟူရာ ၁၅၉ ဧကပေ၊ ငမိုးရိပ် ၇၁၉ ဧကပေ၊ ကလီထော် ၇၇ ဧကပေ၊ တဘူးလှ ၈၇၂ ဧကပေ ၊

ဧရာဝတီတိုင်းဒေသကြီး တွင် ကွန်ချောင်း ၉၂၅ ဧကပေ၊ နန်ကသူ ၂၈၃ ဧကပေ တို့ဖြစ်ကြောင်း ဆည်မြောင်းနှင့်ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာန က သတင်းရရှိသည်။

((( ဝင်ရေ ဧကပေ ၄၀ နှင့်အထက်ဆည်များကို စုစည်းတင်ပြထားခြင်းဖြစ်ပါသည်။ )))